Chapter - 17

627 85 28
                                    

[ Unicode ]

စီးကရက်တွေကို ကြိုက်လာမိတာ ဘာရယ်တော့
မဟုတ် စီးကရက်ဖွာနေရချိန်ဆို ကျွန်မစိတ်ဟာ
လေဟာပြင်ကြီးတစ်ခုလိုဘဲ ။

မကောင်းဖူးဆိုတာသိရက်နဲ့ ဆက်လုပ်နေဖြစ်နေခဲ့တာ
တွေကစီးကရက်တွေသောက်နေမိတာရယ် ၊ လူကြီးကို
ချစ်နေမိတာရယ်ပေါ့ ။ ဘာလို့ လူတွေက အချိန်နဲ့
လိုက်ပြီးပြောင်းလဲ သွားကြတာလဲ ။

ခေါင်မိုးထပ်မှာ စီးကရက်ဖွာရင်း ကောင်းကင်ကြီးကို
ကြည့်နေမိတာ အချိန်ဘယ်လောက်ရှိနေမှန်းတောင်
မသိတော့ပါ ။ လက်ထဲကစီးကရက်ကို တစ်ရှိုက်
ဆုပ်ယူလိုက်ပြီး ထိုအငွေ့တွေကို ကောင်းကင်ဆီကို
မှုတ်ထုတ်လိုက်ပြီးတဲ့နောက် အသက်မပါတဲ့ အပြုံးဟာ မျက်နှာမှာနေရာယူလာပါတော့တယ် ။ တိမ်ကင်းစင်
နေတဲ့ကောင်းကင်ကြီးနဲ့ကျွန်မဟာ ဘဝတူတွေ
ပါလားလို့လေ ။

မျှော်လင့်ချက်တွေ ၊ အသက်ရှင်ဖို့အကြောင်းအရာ
တွေ ၊ ဘာဆိုဘာမှမရှိတော့ဘဲ အလကားသက်သက်
ကြီး အသက်ရှင်နေရသလိုပါဘဲလား ။ နောက်ထပ်
တစ်လိပ်သောက်ဖို့အတွက် ဘေးက စီးကရက္ဘူး
ကိုလှမ်းကိုင်တော့ ချာတိတ်ဘေးမှာထိုင်နေတာကို တွေ့လိုက်ရတယ် ။

"မင်းက အိမ်ထဲဘယ်လိုဝင်လာတာလဲ "

"မနေ့ကသော့အပိုခိုးထားတာလေ "

"လူဆိုးလေးဘဲ. . "

"အဲ့အဒေါ်ကြီးအတွက် ခံစားနေရတာလား. . "

"ဟုတ်တယ်ဆိုရင်ကော. ."

"ဒါဆို ကျုပ်ကရော? "

"ဘာကိုလဲ? ငါတို့ကဘာမှမဟုတ်ဖူးလေ မင်းစိတ်ထဲ
ဘာတွေတွေးနေတာလဲ ချာတိတ် "

သေဘာမက်တဲ့ အကြည့်တွေရယ် ၊ လက်သီးလေးစုပ်
ကာ ဒေါသထွက်နေတဲ့ ထိုကောင်မလေးကို ဘာမွ
ဆက်မပြောဘဲ ကြည့်နေလိုက်တယ် ။ မျက်ရည်ဝဲနေတဲ့ ထိုကေလးမေလးကို ကျွန်မမျက်လုံးထဲမှာတော့
ငယ်ငယ်ကသိကြွမ်းဖူးတဲ့ ကလေးပေါက်စလေး
တစ်ယောက်လို့ဘဲမြင်နေမိတာ ။

"ခင်ဗျားကြီးကိုအများကြီး သဘောကျတယ် "

"မင်းဘာတွေပြောနေတာလဲ. .မူးနေတာလား "

Meaning Of YouOnde histórias criam vida. Descubra agora