Chapter - 7

741 101 0
                                    

[ Zawgyi ]

အချစ်ဆိုတာ ဖုံးကွယ်ထားလို့ရတဲ့အရာမျိုး
မဟုတ်ခဲ့ဖူးရယ်. .။

အဖွားအိမ်ကိုရောက်ကတည်းက အဖွားက လိုလေ
သေးမရှိစေရ ၊ လာမယ်ဆိုတဲ့အကြောင်းကြိုပြောထားလို့ ကျွန်မကြိုက်တဲ့ ဟင်းတွေတောင်ချက်ထားပြီး
စောင့်နေတယ်​လေ ။

"အဖွားရေ. .သမီး ပင်လယ်ဘက်ခနလောက် သွား
လိုက်အုံးမယ်​နော် "

"အိမ်ပြန်နောက်မကျစေနဲ့နော် ညစာက လီလီ​လေး
ကြိုက်တာတွေပဲချက်ထားမှာ "

"ဟီး ဒါမို့ အဖွားကိုချစ်နေရတာကွာ. .နောက်မကျစေ
ရဖူး သွားပြီနော် "

"ကောင်းကောင်းသွား. ."

အဖွားအိမ်ကနေ ပင်လယ်ထိဆို ဆယ့်ငါးမိနစ်လောက်
သာလမ်းလျှောက်ရတော့တာမို့ ဆိုင်ကယ်တောင် မယူ
တော့ဘဲ ထွက်လာခဲ့လိုက်သည်။ မရောက်တာကြာလို့
လားတော့ မပြောတတ် ၊ ရှုခင်းသစ်တွေ မျက်နှာသစ်
တွေကိုသာ မြင်တွေ့နေရတယ် ။ ကျွန်မသဘောကျတဲ့
နေရာလေးတွေကို ဓာတ်ပုံတွေလျှောက်ရိုက်ရင်းနှင့်
ဆက်လျှောက်လာခဲ့​တာ ပင်လယ်ကို​တောင်လှမ်းမြင်
နေရပြီ ။

"လီလီရေ . ."

နာမည်ခေါ်သံကြားလို့ ဘေးပတ်ဝန်းကျင်ကို လှမ်း
ရှာ​နေ​ပေမဲ့ ဘယ်နားကခေါ်နေမှန်းး မသိရသေးပါ။
ရင်းနှီးတဲ့အသံတော့ ဟုတ်ပါရဲ့ ဘယ်ကခေါ်နေမှန်း
မသိတော့ ခက်နေပါပြီ။

"လီလီ ဒီမှာ. ."

အလို. .ကင်မ်အမျိုးသမီး ။ ကျွန်မတို့တိုင်ပင်ထားရင်
တောင်လွဲနေအုံးမယ် အခုတော့တိုက်တိုက်ဆိုင်ဆိုင်
ကိုလာတွေ့နေပြန်တယ် ။

"အာ အွန်နီး. .ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ "

"တို့ကဒီမှာ​နေတာ​လေ အားလပ်ရက်ဆိုဒီကိုပြန်လာ
နေကြ. .မင်းကကော "

"လီလီကလဲ လီလီ့အဖွားအိမ်ရှိလို့အလည်လာတာ. .
တိုက်ဆိုင်လိုက်တာနော် "

"ဟုတ်ပါ့. .အခုဘယ်သွားမလို့လဲ "

"ပင်လယ်ဘက် ခနလောက်လမ်းလျှောက်မလားလို့ "

Meaning Of YouWhere stories live. Discover now