Chapter - 9

732 101 11
                                    

[ Zawgyi ]

ကျွန်မရဲ့နေ့ရက်တွေက သာယာပါတယ်။
လူကြီးသာ ဘေးမှာရှိနေမယ်ဆိုရင်ပေါ့. . .။

စာကြည့်တိုက်မှာ စာအုပ်ရှာဖွေရင်းနှင့် အမှတ်မထင်
ဝင်တိုက်မိတဲ့ လူတစ်ယောက်ကို တောင်းပန်ဖို့အပြင်

"တောင်း. .တောင်းပန်ပါတယ်ရှင် "

ဒီကောင်လေးကို မြင်ဖူးသလိုလိုရှိနေတာမို့ အကြည့်
ချင်း ခနလောက်ဆုံနေပြီး သူ့ကို မှတ်ဥာဏ်တွေထဲမှာ လိုက်ရှာနေမိတယ် ။

"လီလီလေးမလား. ."

"Bobby Oppa? "

"ဟုတ်ပါ့ဗျာ ကျွန်တော်ပါ "

"အာ အခုမှပြန်တွေ့ရတယ် Oppa ရယ်. .
အာ ဆောတီးး အပြင်သွားကြမလား ဒီနေရာမှာ
စကားသံကျယ်လို့မဖြစ်ဖူးလေ "

Oppa နဲ့မတွေ့ရတာ ကြာပြီမို့ တွေ့တုန်းလေး စကား
ပြောဖို့ အတွက် ကျောင်းအရှေ့ကထိုင်ခုံလေးကိုသာ
ခေါ်လာလိုက်တော့တယ် ။

"အန်တီရော နေကောင်းရဲ့လား "

"ကောင်းပါတယ်. . Oppa တို့ကဘယ်ကိုပြောင်း
သွားမှန်းမသိလို့လေ. .ဆက်သွယ်စရာလဲပေးမသွား
တော့ လီလီလဲ သတိရနေတာ "

"Oppa လဲတူတူပါဘဲကွာ. ."

"ဒီကိုဘာလာလုပ်တာလဲဟင် "

"သူငယ်ချင်းတစ်ယောက်ဆီလာတာ Library ကို
လာခဲ့ပါဆိုလို့လေ. . .ရှေ့နေမလုပ်လောက်ဖူးထင်
ထားတာ "

"ဒီလိုပါဘဲ​လေ ဖြစ်ချိန်တန်တော့ သူ့အလိုလိုဖြစ်
သွားတာပေါ့ ဟီးဟီး "

"အခုထိ ငပေါလေးလုပ်နေတုန်း. . ."

Oppa နဲ့အတူ အရင်ကအကြောင်းတွေပြန်ပြောရင်း
သူရှာနေတဲ့သူငယ်ချင်းကိုလဲ ကျွန်မပဲ ကူရှာပေးလိုက်
ရတယ် ။ ဖုန်းနံပါတ်လဲပေးသွားတာမို့ နောက်ပိုင်းတွေ
တော့ အဆက်အသွယ်ပြန်ရပါပြီလေ. .။

~~ ~~

ကုမ္ပဏီမှာ ကျွန်မကိုဆို သိပ်ပြီးသိတဲ့သူ မရှိတာမို့
ပုံမှန်အတိုင်းပဲ ဝင်လာခဲ့လိုက်တယ် ။ Daddy ရဲ့
အတွင်းရေးမှူးက​တော့ ကျွန်မကို သိတာမို့ အထဲကို
ချက်ချင်းဝင်ခွင့်ပြုတယ်လေ ။

Meaning Of YouTahanan ng mga kuwento. Tumuklas ngayon