Chapter - 14

607 81 2
                                    

[ Unicode ]

စီးကရက္ဆိုတဲ့ အရာကို သောက်တတ်လာတာ လွန်ခဲ့တဲ့ ခြောက်နှစ်က . . .။

စီးကရက်သောက်ရင်းး အတွေးတိမ်တွေဟာ စီးကရက်
ငွေ့တွေနှင့်အတူ လွှင့်မျောသွားတယ် ။

အိုးး အချိန်တွေတောင်ကြာခဲ့ပါရော လူကြီးရေ ။ မေ့လို့
မရဖူးဆိုတာမျိုးလဲ မဟုတ်ပေမဲ့ ငယ်ကိုယ်တိုင် မေမ့
ချင်လို့ဆို ပိုမှန်လိမ့်မယ် ။

"ဟေးးလူ. .ကျုပ်မပါဘဲသောက်နေတာလား "

ခေါင်းမိုးထပ်မွာ စီးကရက်လာဖွာရင်း နောက်က ကလေးမလေးခေါ်သံကြားလို့ လှမ်းကြည့်လိုက်တယ် ။

"ချာတိတ် ဒီကိုဘာလာလုပ္တာလဲ "

"ဟိုအမက ခင်ဗျားကြီး ဒီမှာရှိတယ်ဆိုလို့လေ. .
အပေါ်တက်လာခဲ့တာ "

"ကဲဆို ငါ့ကိုလာတွေ့တာ ဘာကိစ္စ?"

"ဘာမွမျဖစ္ဖူး လွမ်းလို့ "

မျက်လုံးမပေါ်တဲ့အထိ ပြုံးပြကာ ထိုစကားဆိုလာတဲ့
ကလေးမလေးကိုတွေ့ရတာ ကျွန်မကိုယ်ကျွန်မပြန်
မြင်နေရသလိုဘဲ ။

သူမေရာ ကျွန်မအဲ့လိုပြောတိုင်းအူယားနေခဲ့မလား. .။

"ငါ တရားခွင်ပြန်ဝင်စရာရှိသေးတယ်. .မင်းမှာ
ပီကေပါလား "

"အင့်. .ဆေးလိပ်ပဲသောက်တတ်တယ် ဘယ်တော့မှ
ပီကေမဆောင်ဖူး ကောင်းပါ့ဗျာ "

" မင်းဘေးမှာအမြဲရှိနေမယ်ဆိုတာသိလို့ပေါ့ကွ "

ထိုကလေးမလေးခေါင်းကိုပွတ်ကာ သူထုတ်ပေးတဲ့
ပီကေကိုဝါးရင်းး အောက်သို့ပြန်ဆင်းလာခဲ့လိုက်
တယ် ။ ဒီခြောက်နှစ်အတွင်းမှာ လူကြီးလဲ ပြောင်းလဲသွားသလိုပဲကျွန်မလဲအတော့်ကိုပြောင်းလဲလာတာ ။ လူကြီးကဘဲ ပြောင်းလဲပေးလိုက်တာပါ ။

ကျွန်မရဲ့အလုပ်တွေအားလုံးပြီးတဲ့နောက် အိမ်ပြန်
ဖို့အတွက် ကားပါကင်ကို ရောက်တော့လဲ ကားဘေးမှာ
စောင့်နေတဲ့ ဟိုချာတိတ်လေး ။

"မင်းဘာလုပ်နေတာလဲ "

"ခင်ဗျားကြီးကိုစောင့်နေတာလေ. . "

Meaning Of YouOnde histórias criam vida. Descubra agora