Chapter - 11

678 93 9
                                    

[ Zawgyi ]

Omma ရဲ့ခွဲစိတ်မှုကို စီစဉ်ပေးနေရတာနှင့် ဒီရက်ပိုင်း
တွေသိပ်ပင်ပန်းတာဘဲ ။ ကောင်မလေးကိုတောင် သွားမတွေ့ဖြစ်တဲ့အထိ ဖြစ်နေတာမို့ အားနာနေမိ
တယ် ။

ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမဲ့ အခုချိန်အထိသတိပြန်မရလာသေးပါ ။ ဒါကြောင့်မို့ Daddy နဲ့အတူတစ်ယောက်
တစ်လှည့် ဆေးရုံစောင့်ရင်း ။

မနက်ဖြန်ဆို ဘွဲ့ယူရတော့မည် ။ ကျွန်မမှာ ဘာလုပ်
ရမှန်းတောင်မသိသေးဘဲ ဘွဲ့တောင်သွားယူချင်စိတ်
မရှိတဲ့အထိဖြစ်နေတယ် ။ Omma မပါဘဲနဲ့လဲ တစ်
ယောက်ထဲ မသွားချင်ဖြစ်နေပြန်တယ် ။ စဉ်းစားရ
ရှုပ်ရတဲ့အထဲ ကုမ္ပဏီကိစ္စ​တွေ​ကလဲ များလိုက်တာ ။
ယာယီစီအီးအိုအဖြစ် နေရာယူထားရတာမို့ တစ်နေ့ကို
ခနလောက်တော့ သွားကြည့်အုံးမှပါလေ ။

"Yoona. .ဒီနေ့လုပ်စရာရှိတဲ့ကိစ္စတွေ ပြောဖို့
ခနနေ အခန်းထဲလိုက်ခဲ့ပါ "

ဒီပုံအတိုင်းဆိုရင်တော့ ဘွဲ့ယူပြီးတာနှင့် ဒီကုမ္ပဏီရဲ့
အမွေဆက်ခံသူဖြစ်​တော့မယ် ထင်ပါရဲ့ ။
ကောင်မလေးကိုဘာမှမပြောပြမိထားတာလဲ အပြစ်
ကြီးတစ်ခုလိုပါဘဲလား ။ သိသွားခဲ့ရင် ဘာပြောလာ
မလဲဆိုပြီး တွေးနေရင်းနှင့် ဦးနှောက်အာရုံကြောတွေကို ခတ္တအနားပေးထားမိတယ် ။

"Unnie ကျွန်မဝင်လာပါပြီနော် "

"အင်းး. .ဒီနေ့ဘယ်သွားစရာရှိလဲ "

"ရှယ်ယာဝင်ဖို့ပြောထားတဲ့ ကုမ္ပဏီနဲ့တွေ့စရာ
ရှိပါတယ်. .သူတို့လာတွေ့မယ်တော့ ပြောတယ် "

"ကောင်းပြီလေ. .တို့ဘယ်အချိန်တွေ့ရမလဲသာ
ပြောပါ "

"အဆင်ပြေရဲ့လား CEO. . ဒီနေ့ကြည့်ရတာ
မလန်းမဆန်းနဲ့ အားမရှိသလိုပဲ "

"အဆင်ပြေပါတယ်. .ခေါင်းနဲနဲကိုက်တာ
လောက်ပါဘဲ ဆေးသောက်လိုက်ရင်အဆင်ပြေ
သွားမှာပါ "

"ဒါဆို ဆေးယူလာခဲ့ပေးပါ့မယ် "

အရင်အတွင်းရေးမှူးကို စိတ်ထဲမှာ မကြိုက်တာမို့
အလုပ်ထုတ်လိုက်ပြီး ကျွန်မသူငယ်ချင်းဖြစ်သူရဲ့
ညီမကို အလုပ်ခန့်ထားခြင်းဖြစ်သည် ။ ဒီကလေးမ
လေးဟာ အလုပ်လဲ လုပ်နိုင်တဲ့ပုံပါဘဲလေ ။ လာဘ်
ကောင်လေးလို့တောင်ခေါ်ရမည် ၊ သူ့ရောက်လာက
တည်းက ကုမ္ပဏီကအရင်ကထက် ပိုပြီးတိုးတက်လာတာကို သတိထားမိတာ​နေလို့ပင် ။

Meaning Of YouWhere stories live. Discover now