Chapter - 13

700 82 4
                                    

[ Unicode ]

Dandelions ပန်းတွေက ဆုတောင်းပြည့်တယ် ။
ကြားဖူးသလောက်ကတော့ သူတို့ရဲ့ရိုးတံကိုကိုင်ပြီး
မျက်လုံးမှိတ်ကာ ဆုတောင်းပြီး ထို အရွက်တွေကို
မှုတ်ထုတ်လိုက်ရင် ဆုတောင်းပြည့်သတဲ့ ။ ကျွန်မ
ငယ္ငယ္ကေတာ့ အမြဲတမ်းလိုလိုဆုတောင်းဖြစ်ခဲ့ပေမဲ့
ကြီးလာတဲ့နောက် ကျွန်မဆုတောင်းတွေမပြည့်ဖူးဆိုတာသိလာခဲ့တဲ့နောက် ထပ်ဆုတောင်းဖို့ကိုတွန့်ဆုတ်လာခဲ့တာ။ (မျက်လုံးထဲမြင်ကြတယ်မလားဟင်
အဖြူရောင်လေးတွေပါ မြန်မာလိုအခေါ်အဝေါ်ကိုမသိလို့ အဲ့အတိုင်းဘဲရေးလိုက်ပါတယ်)

သူမနဲ့အတူ ခရီးထွက်ရမဲ့နေ့ကို နောက်ဆုံးတော့
ရောက်လာပြီမို့ စောစောစီးစီးပင် နိုးလာတော့တယ် ။
ကျွန်မတက်ကြွတယ်ဆိုတာ သဲငယ်နဲ့တွေ့မှဖြစ်လာ
တတ္တာ ။ ဒီနေ့က သူကျောင်းတက်ရအုံးမှာမို့
ကျောင်းဆင်းတဲ့အချိန်မှတစ်ခါထဲလာခေါ်ပါလို့ဆို
လာပြန်တော့ ဒီနေ့တစ်နေ့လုံး ဘာမှလုပ်စရာမရှိ ။

"ဟယ္လို Yoona Ya... အွန်း ဒီနေ့ထွေထွေထူးထူး
ကိစ္စမရှိဖူးမလား. .ဒါဆိုတို့မလာတော့ဖူးနော်. .
ဟုတ်ပြီ မင်းပဲ သေချာကြည့်လုပ်ထားလိုက် . .
မဟုတ္ဖူး ကောင်မလေးနဲ့ချိန်းတွေ့မလို့. ."

အဲ့လိုကြွားဝါရတာမျိုးဆို သိပ်သဘောကျတာဘဲ ။
တခြားသူတစ်ယောက် ကျွန်မကိုပိုင်ဆိုင်ထားရင်
တောင်အဲ့လောက်ထိဖြစ်နေမယ် မထင်ပါဖူးလေ ။
သဲငယ်မို့ သဲငယ္ဆိုတဲ့ ကလေးမလေးကြောင့်သာ ။

နောက်ထပ်စာထပ်ရေးဖို့ ကြောင့်ကြာအုံးမယ်ထင်တာမို့ စာဖတ်သူလေးတွေဆီ အကြောင်းကြားတော့ အားလုံးကဘာဖြစ်လို့လဲ ၊ ရေးပါ စောင့်နေတာကြာပြီကိုး အစရှိသဖြင့်ပြန်ပြီးပြောနေကြတော့ ပြုံးမိပြန်တယ် ။

ကောင်မလေးရသွားလို့ပါလို့ဖြေပြန်ရင်လဲ ကျွန်မကို
ချောင်းရိုက်မှာစိုးရသေးတယ် ။ အလိုက်သင့်လေးပြန်
ဖြေပြီးနောက် နာရီကိုကြည့်ပြန်တော့ နေ့လည်ခင်း
တောင်ရောက်နေရောပေါ့ ။

"နေ့လည်စာစားဖို့လုပ်ရမယ်. ."

မနက်ကနိုးနိုးချင်း ကော်ဖီတစ်ခွက်သောက်ကာ
နေ့လည်စာချက်ဖို့အတွက် မေ့နေတဲ့ ကျွန်မကို
တစ်ယောက်ယောက်လာရိုက်ပေးမှဖြစ်တော့မယ် ။

Meaning Of YouTempat cerita menjadi hidup. Temukan sekarang