Chapter - 4

943 122 5
                                    

[ Zawgyi ]

မထင်မှတ်ထားတဲ့ တစ်ချို့အရာတွေကို မျက်လုံးရှေ့
မှာ မြင်လိုက်ရရင် ဘာမှမပြောနိုင်လောက်အောင်
အံ့သြသွားကြမှာ အမှန်ပါဘဲ. .။

လူကြီးက ကျွန်မသတိထားမိခဲ့တဲ့ ဟိုအမျိုးသမီးငယ်
တဲ့လား. .။

ဒါဟာ ကျွန်မလုံးဝမတွေးခဲ့ဖူးတဲ့ အရာတစ်ခုပါလေ ။

"ကလေးတွေ အတန်းလစ်လာကြတာလား "

အရင်က ကော်ဖီဆိုင်မှာထိုင်ပြီး သူ့အလုပ်သာ
သူစိတ်ဝင်စားတတ်တဲ့ သူမက အခုတော့ ဖော်ရွေစွာ
နှင့်ကျွန်မတို့ကို စကားပြောနေပြန်တယ် ။

"အာ. .မဟုတ်ပါဖူး လူကြီးရဲ့ "

လူကြီး လို့ခေါ်လိုက်တာကို သူတို့တွေမကြိုက်လို့
လားမသိ ကျွန်မကို အားလုံးက တအံ့တသြကြည့်နေ
ကြတယ် ။ လူကြီးကလဲ ပြုံးပြီး ကြည့်နေတာမို့ ကျွန်မမှာ ရှက်သလိုလိုတောင်ဖြစ်လာတယ် ။

"အတန်းတက်ရအုံးမှာလား သဲငယ် "

ဒီတစ်ခါလဲ ကျွန်မတို့အားလုံးရဲ့အကြည့်တွေက
လူကြီးဆီကိုရောက်ပြီး တအံ့တသြဖြင့်သာ ။ လူကြီးကလဲ ရှက်လို့ထင်ပါရဲ့ မျက်နှာအမူအရာတောင်ပြောင်းသွားတယ် ။

"ကဲ ညီမလေးချယ်ယောင်း တို့တွေဟိုဘက်ဆိုင်
သွားရအောင်. .ဒီနားမှာ အချစ်အနံ့အသက်တွေ
ရနေတယ်လို့မထင်ဖူးလား "

စကားကိုပြောင်ချော်ချော်ပြောပြီး ထွက်သွားတဲ့
လူကြီးရဲ့သူငယ်ချင်းနှစ်ယောက်ကြောင့် ကျွန်မနဲ့
လူကြီးဘာဆက်ပြောရမှန်းတောင် မသိတော့ပါ ။

"ကိုယ် up ထားသေးတယ် ဝင်မဖတ်ဖြစ်ဖူးလား "

လူကြီးဘက်ကပဲ စပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်
တယ် ။

"ငယ်လဲ စာတွေက များလို့လေ မှတ်ရတာတွေကော
ကျက်ရတာတွေရောမို့လို့ အဲ့ဘက်ကိုမရောက်ဖြစ်
တာ "

ထိုစကားပြောပြီးနောက် လူကြီးမျက်နှာလေးမှာ အပြုံး
လေးတစ်ခုထွက်ပေါ်လာတယ် ။ သူမရဲ့အသဲပုံစံ
နှုတ်ခမ်းပါးပါးလေးကနေ အကြည့်တွေတောင်မခွာ
ချင်လောက်အောင်ပါဘဲ ။

Meaning Of YouHikayelerin yaşadığı yer. Şimdi keşfedin