part 1

30.8K 1.5K 44
                                    

Uincode

!ဒိုင်းး! ဒိုင်း..! ဒိုင်းး!

အေးချမ်းစွာရှိနေတဲ့မင်္ဂလာပွဲအတွင်းဆူညံစွာဝင်ရောက်လာတဲ့သေနတ်သံများ လူအများစုကပြေးလွှားနေ​ကြပြီးသတို့သားနဲ့သတို့သမီးဖြစ်သူကတော့လက်ကိုတွဲထား၍ ထိုသို့ရိုင်းစိုင်းစွာဝင်ရောက်လာသောအမျိုးသားကိုသိသည့်ထင်ပါရဲ့ မတုန်မလှုပ်ရပ်နေမြဲရှိနေသည်။

!ခွမ်းးး!

ဘေးကရှိနေတဲ့စားပွဲများကိုမှောက်ပစ်လိုက်သည်။ သေနတ်ကိုင်ထားတဲ့လူတစ်စုကလည်းထွက်ပေါက်မှန်သမျှကိုပိတ်ထား၍ရှိနေကျပြီးတစ်ခုခုဆိုအသင့်အနေထားပြင်ထားသလို့ပင် ထိုလူတွေအားလုံးထဲမှအနီရောင်တောက်တောက်ကုတ်ကိုဝတ်ဆင်ထားတဲ့အမျိုးသားကသတို့သားနဲ့သတို့​သမီးရှိတဲ့နေရာကိုတည့်တည့်မတ်မတ်ကြီးလျောက်လာသည်။ ထိုလူရဲ့မျက်နှာကရက်စက်မှုတွေပြည့်နှက်နေပြီ အပြာရောင်ရေကြည်Ocean eye တွေကတော့နာကျင်မှုများစွာကိုဖော်ပြလျက်ရှိသည်။ အရှိန်အဝါတွေများလွန်းတဲ့ထိုလူ ဘေးနားကဖြတ်သွားတာကိုခံလိုက်ရတဲ့လူတွေကြက်သီးထရသည့်အထိပင်။ ရှည်လွန်းတဲ့အရပ်နဲ့လိုက်ဖက်စွာကျယ်ပြန့်သောပုခုံး၊ ရင်အုပ်ကျယ်ကျယ်၊ အချိုးစားပြေပြစ်လွန်းတဲ့bodyက အားကစားလိုက်သူနှင့်တူပြီးကျစ်လစ်ခိုင်မာတဲ့လက်မောင်းတွေ ကြွက်သားအမြှာင်းမြှောင်းထနေတဲ့သူရဲ့ခြေထောက်တွေကပါ စွဲဆောင်မှုရှိလွန်းသည်။

" ဆူး "

ခပ်သြသြအသံရဲ့နောက်မှာအနည်းငယ်အက်နေတာမို့ဒီလူဒေါသထွက်နေတာပဲ အဒီအချိန်ကျွန်တော်တွေးလိုက်တာကသတို့သမီးကသူရဲ့ချစ်သူပေါ့ ဒါပင်မဲ့ထိုသို့သောမာဖီယားကြီးကသတို့သမီးကိုကျော်၍ ယောကျာ်းပီသစွာရပ်နေတဲ့သတို့သားကို ဂုတ်ကနေဆွဲ၍နှုတ်ခမ်းကိုပြင်သစ်အနမ်းခပ်ကြမ်းကြမ်းပေးလိုက်ချိန်မှာတော့ မြင်လိုက်ရတဲ့ကျွန်တော်ကတော့ထိုနေရာမှာပင်ကြက်သေသွားရသည်။ ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါဘူး အခန်းမထဲကလူတွေအားလုံးရောပဲပေါ့ ဒါ​ပေမဲ့သတင်းထောက်ဖြစ်တဲ့ကျွန်တော်ကတော့သတိအမြန်ဝင်၍မှတ်တမ်းတင်လိုက်နိုင်သည်။ ထိုနောက်တော့ရုန်းကန်နေတဲ့သတိုးသားကိုတိုက်ခိုက်၍ဖမ်းစီးသွားတော့သည်။ ဘာဖြစ်မလဲဆက်ကြည့်ချင်ပင်သတို့သားမရှိတော့တဲ့မဂ်လာပွဲပျက်သွားခဲ့ပြီးကျွန်တော်တို့လည်းပြန်လာခဲ့ရတော့သည်။

 ရင်၌ပျိုးသောဆူး Where stories live. Discover now