part 24

7.8K 727 114
                                    

Uincode

သတင်းကြားကြားချင်း အခင်းဖြစ်တဲ့နေရာကိုအမြန်လိုက်သွား၍ကြည့်လိုက်တော့ ဆေးရုံကားတွေ၊ရဲတွေပါရောက်နေပြီ ဆေးရုံကားပေါ်တွင်ထိုင်နေတဲ့ မြ ဒဏ်ရာအနည်းငယ်သာရ၍ပင် ဒါပင်မဲ့သူကိုဂရုစိုက်မအားဘူး ငါမောင်ကိုရှာရမယ်

ကားတိုက်မှုဖြစ်တယ်ဆိုပင်မဲ့ဘာလို့မောင်ရဲ့ကားကိုရှာမတွေ့ရတာလဲ ခပ်ဝေးဝေးမှာသွေးတွေပေ၍ရပ်နေတာကမိုက်ခ် အနားကိုသွားလိုက်၍

" မိုက်ခ်! မောင်ဘယ်မှာလဲ.... ငါမေးနေတယ်လေ မောင်ဘယ်မှာလဲလို့! "

ဘာတစ်ခုမှပြန်မဖြေတဲ့မိုက်ခ်နဲ့အတူ သွေးတွေပေကျံနေတဲ့လူတစ်ယောက်လဲလဲကျနေသည်။ ကြည့်ရတာမိုက်ထိုးထားတဲ့ပုံပဲ

" မောင် ဆေးရုံကိုသွားနှင့်တာလား ငါတို့လိုက်သွားရမှာပေါ့.. ... မောင်ရေ "

ကားရှိကိုပြန်လှည့်ဖို့လုပ်လိုက်တော့ မိုက်ခ်ကလက်ကိုလာဆွဲထားသည်။ ပြီးတော့ခေါင်းခါပြ၍ သူအိပ်ကပ်ထဲကလက်စွပ်ဗူး လေးတစ်ခုထုတ်ပေး၍ စကားပြောဖို့မနည်းအားယူကာ

" သူ- သူ အဒီချောက်ထဲကိုကားနဲ့အတူထိုးကျသွားတာတဲ့ ဒီပေါ်မှာ-- ဒါလေးတစ်ခုပဲကျန်နေခဲ့တာ အားးးးးး ခွေးမသားငါမင်းကိုသတ်ပစ်မယ် "

မိုက်ခ်ခြေထောက်အောက်မှာလဲကျနေတဲ့လူကိုထပ်၍ကန်နေပင်မဲ့ ကျွန်တော်မှာတားစရာစကားမရှိဘူး ပြီးတော့ မိုက်ခ်မှားနေတာနေမှာ မောင်ကငါ့ကိုထားသွားစရာအကြောင်းမှမရှိပဲ သူသိပ်ချစ်ပါတယ်လို့ပြောပြီးမှ ငါကိုတာဝန်ယူမယ်လို့ပြောပြီးကာမှ တစ်သက်လုံးငါအတွက်ရပ်တည်မယ်ပြောပြီးကာမှ လက်လွတ်စပယ်ဒီလိုထွက်သွားမှာမဟုတ်ဘူးး ငါမောင်ကိုယုံတယ် သူပြောတဲ့လူကမောင်မဟုတ်ဘူး ဟုတ်တယ်မောင်မဟုတ်ဘူး

" အိမ်ပြန်ရမယ် မောင်တော့ငါကိုစောင့်နေတော့မှာပဲ"

" ဆူး ငါစကားမင်းနားမလည်တာလား ယဇ်က---"

" ထပ်မပြောနဲ့! အဒါမောင်မဟုတ်ဘူး!!!"

စည်းတားထားတဲ့ချောက်ဘက်ကိုလက်ညိုးထိုး၍အကြောက်အကန်ငြင်းမိသည်။

 ရင်၌ပျိုးသောဆူး Donde viven las historias. Descúbrelo ahora