part 14

8.9K 762 29
                                    

Uincode

" ဒေါ်ပြုံး ဒီနေ့မြန်မာဟင်းတွေပိုချက်ထားပေးနော် ပြီးတော့ သေချာလေးလဲပြင်ဆင်ပေးပါအုန်း "

" ဧည့်သည်လာမှာမို့လား သား "

" ဟုတ်တယ်ဗျ ကျောင်းတုန်းကအရမ်းခင်ရတယ်သူငယ်ချင်းက ဒီနေ့မှမြန်မာပြည်ပြန်ရောက် ရောက်ချင်းလာလည်မှာ.... အဟီး "

ဒီနေ့သားဆူးကိုကြည့်ရတာစိတ်လှုပ်ရှားနေတဲ့အပြင်ပျော်နေတဲ့ပုံပင် ဒီအိမ်မှာကသခင်ကြီးမလာခင်အထိအရာအားလုံးအဆင်ပြေပင်မဲ့ သခင်ကြီးရောက်တဲ့နေ့ကစပြီးအရာအားလုံးပြဿဒါးဖြစ်ကုန်သည်။ ဖြစ်ပုံကတော့အတော်ကိုထူးဆန်းတာမို့နားမလည်နိုင်စွာပင် အိမ်အကူကောင်းမလေးတွေကောင်လေးတွေအားလုံးကသားဆူးနဲ့အရောမဝင်စကားမပြောရင်အားလုံးအဆင်ပြေပင်မဲ့ လိုတာထက်နည်းနည်းလေးပိုရောမိရင်ပဲဖြစ်ဖြစ်ခပ်ကြာကြာလေးစိုက်ကြည့်မိတာပဲဖြစ်ဖြစ်သခင်ကြီးတွေ့သွားလို့ကတော့ အလုပ်ထွက်ရတဲ့အပြင်အရမ်းစိတ်တိုနေရင်ကိုယ်ထိလက်ရောက်အပြစ်ပါပေးသည်။

" ဒေါ်ပြုံး blackcoffe တစ်ခွက်စာကြည့်ခန်းထဲဆူးကိုလာပေးခိုင်းလိုက်ပါ "

ဟောကြည့် ပြောရင်းအသက်ရှည်အုန်းမယ်ချက်ချင်းကြီးပေါ်ချလာတာပဲ အဒါထက်ဒုက္ခပဲအစောကမှသားဆူးကအပြင်ထွက်သွားသည်။မဟုတ်လား

" သခင်ကြီး သားဆူးကလေ အပြင်အစောကမှထွက်သွားပါတယ် "

" ဘာ!"

" ဗုဒ္ဓေါ"

" ကျစ်! သူဘာလို့ကျုပ်ကိုပြောမသွားတာလဲ.... မိုက်ခ်!"

ဒေါသသံတွေဟိန်းထွက်အောင်အော်လိုက်တဲ့အသံအဆုံးမှာတော့ ဆရာနဲ့တပည့်တူစွာနောက်ထက်မျက်နှာတင်းတင်းနဲ့ကြောက်ဖို့ကောင်းတယ် သက်တော်စောင့်ထွက်လာတာမို့အဒီနေရာကနေရှောင်သွားရသည်။ ဒီလူနှစ်ယောက်ရဲ့အရှိန်အဝါကိုမခံစားနိုင်၍ပင်
အရင်တုန်းကသားဆူးကိုအရမ်းဒေါသကြီးတယ်ထင်ထားခဲ့တာ ဒါပင်မဲ့ဘယ်သူထင်မှာလဲပုံမှန်တိုင်းစကားကိုအေးအေးဆေးဆေးပြောတက်တဲ့သခင်ကြီးလိုလူက ဒေါသထွက်လာရင်ဘီးလူးနဲ့နင်လားငါလားပင် အထူးသဖြင့်သားဆူးနဲ့ပက်သက်ရင်ပေါ့။

 ရင်၌ပျိုးသောဆူး Où les histoires vivent. Découvrez maintenant