part 32

11.8K 658 105
                                    

Uincode

" မောင် ငါပြောချင်တာရှိတယ် "

" အွင်း ​ပြောလေ "

" သေချာနားထောင်! "

အကောင်းတိုင်းကြီးကနေဆက်ဆက်ထိမခံဖြစ်၍အခုလည်းသူစကားပြောမှာကို သူဘက်လှည့်၍သေချာနားထောင်စေပြန်သည်။ ဘာမှအထွေးအထူးပြောမနေတော့ပဲသူသဘောတိုင်းလှည့်၍နားထောင်နေလိုက်သည်။

" အကိုကဘာပြောချင်လို့လဲ "

" ငါ့ကိုကျေးဇူးပြု၍မမုန်းပါနဲ့နော်မောင် "

" ကျွန်တော်ကဘာလို့မုန်းရမှာလဲ အကိုကို့ "

" ဟူးးးး "

သက်ပြင်းကိုအကြိမ်ကြိမ်ချ၍ပြောသင့်မပြောသင့်ချီတုံချတုံဖြစ်နေသောဆူးကို ဘာမှမပြောပဲအချိန်ပေးလိုက်သည်။ ခနနေတော့အသက်ကိုဝဝရှူ၍ကျွန်တော်ဘက်ကိုလှည့်ကာ

" မောင့်ကအခုအတိတ်မေ့နေတာလေ တကယ်လို့တစ်နေ့တစ်ချိန်မှာအတိတ်ကြောင်းပြန်သတိရပြီ ငါ့ကိုအခုလို့မချစ်ပေးနိုင်တော့မှာကြောက်တယ် အိပ်တိုင်းအမြဲစဥ်စားမိနေတယ် တစ်ခါတစ်လေအတိတ်ကငါ့ကိုယ်ငါပြန်မုန်းမိတဲ့အထိပဲ ၊ အခုဆုံးဖြတ်ချက်ချလိုက်ပြီးဒီအတိတ်ဆိုးတွေကိုမောင်သိအောင်ငါကိုယ်တိုင်အကုန်ပြောပြပေးမယ် ကျန်တာတော့မောင့်ရဲ့ဆုံးဖြတ်ချက်အတိုင်းငါလိုက်နာမယ် "

နောင်တတရားတွေပြည့်နှက်နေတဲ့ဆူးရဲ့မျက်နှာကပင်ကိုယ်အလှတရားတွေနဲ့မလိုက်ဖက်စွာရှိနေသည်။ အခုချိန်မှာဆူးရဲ့လက်ကိုကိုင်၍ ငါအကုန်သိပြီသားလို့ပြောတဲ့အခါ သူကိုလှည့်စားတယ်ဆိုပြီထင်သွားလေမလား အကောင်းဆုံးနည်းလမ်းကတော့အခုချိန်ဆူးပြောသမျှကိုအာရုံစိုက်နားထောင်ပေး၍အခြေအနေတိုင်းလိုက်လုပ်ပေးတာဟာအကောင်းဆုံးပင်။

" ငါကလေမောင်အပေါ်ကို..............."

အပြစ်များစွာကျူးလွန်ထားတဲ့လူတစ်ယောက်ဖြစ်တာမို့မောင့်မျက်နှာလှလှကိုသေချာကြည့်၍ အကြောင်းရာအစအဆုံးကိုရှင်းပြနေမိသည်။ မောင်ရဲ့မောင်မျက်နှာချောချောကဘယ်နေရာများမှန်း တစ်ချက်ပျက်၍တော်ပါတော့လို့ထအော်မလဲလို့စိုးရိမ်ရင်ပေါ့။ ဒါပင်မဲ့ထူးဆန်းလိုက်တာ ဒီအကြောင်းအရာအဆုံးထိပြောပြပြီးသည့်တိုင်အောင်မောင့်ရဲ့မျက်နှာကပကတိအတိုင်းပဲရှိ၍ ဘာမှအံသြသွားတာမျိုးမရှိပေ။

 ရင်၌ပျိုးသောဆူး Where stories live. Discover now