part 15

8.9K 744 78
                                    

Uincode

ရုတ်တစ်ရပ်လက်ကိုဆွဲ၍အပေါ်ထပ်ကိုခေါ်လာတဲ့ယဇ်ကိုအပေါ်ထပ်ရောက်တာနဲ့လက်ကိုခါထုတ်ပစ်လိုက်သည်။ ပြီးတော့အစောကလုပ်ရပ်တွေအတွက်လက်သီးတစ်ချက်သူမျက်နှာပေါ်ကိုထိုးချလိုက်သည်။ ဘေးတစ်ဖက်ကိုလည်ထွက်သွားပင်မဲ့ချက်ချင်းပြန်လှည့်လာရင်းအနားကပ်လာတာမို့နောက်တစ်ချက်ထပ်ထိုးလိုက်သည်။ ဒါပင်မဲ့တိုးမြဲတိုးလာတဲ့ယဇ်ကြောင့်လက်သီးချက်တွေကလည်းဆက်တိုက်သူအတွက်ရရှိနေသည်။ ဒါကိုသူကတော့ဆုလဒ်ထင်နေလားမသိစွာ

" ယဇ် မင်းရပ်လိုက်တော့!

ပါးစပ်ကသွေးတွေကမြင်မကောင်းအောင်ဖြစ်နေပြီပေါက်ပြဲနေတဲ့နှုတ်ခမ်းညိုနေပြီးဖြစ်တဲ့ပါးပြင်တွေ

" ငါမင်းကိုတစ်ခါထဲပြောထားမယ် ငါစောက်ခြောက်မဟုတ်ဘူး မင်းလဲမင်းနေရာနဲ့နေ၊ မနေနိုင်ရင်မင်းဘေးကကောင်နဲ့နှစ်ပါးသွားလိုက်! "

ခွပ်!!

ဒါသူဘက်ကပထမဦးဆုံးစထိုးလိုက်တဲ့လက်သီးချက်ဖြစ်သည်။ ပေါက်သွားတဲ့နှုတ်ခမ်းကသွေးတွေကိုသုတ်ပစ်၍ သူကိုလှောင်ရိပ်သန်းတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး

" အဟက် ဒါမှမဟုတ်မင်းရဲ့တပည့်ကကုတင်ပေါ်ကလုပ်ငန်းစဥ်တွေမှာအားကိုးလို့မရလို့လား၊ ဒါဆိုလည်းsorryပဲ ငါတော့စိတ်မပါဘူး"

ငါပြောလိုက်တဲ့စကားတွေကမင်းငါကို မြအရှေ့မှာအရှက်ခွဲလိုက်တာတဲ့ယှဥ်ရင်ဘာမှမပြောပလောက်သေးပါဘူးယဇ်၊ နီရဲနေတဲ့မျက်လုံးတွေနဲ့သေချာကြည့်၍လက်သီးကျစ်ကျစ်ပါအောင်ထားတဲ့ယဇ်ပဒေါသဘယ်လောက်ထွက်နေလဲဆိုရင်နှဖူးကြောတွေတောင်ထင်းနေအောင်မြင်နေရသည်။ စိတ်မကောင်းစရာပဲငါတော့မကြောက်ဘူးဟျောင့်ရေ မင်းကစား​တိုင်းခံရအောင်ငါကကြောင်မဟုတ်ဘူး မင်းလို့ကျားတစ်ကောင်ဆိုတာမင်းသိသင့်တယ်ယဇ်

" နောက်နောင်ငါအကြောင်းဘာကိုမှလာမစွက်ဖက်နဲ့"

ခွပ်---ခွပ်!!!!!!!!

ရုပ်တစ်ရပ်ယဇ်ကသူရဲ့ကိုယ်ခန္ဓာနဲ့ဆွဲလှဲလိုက်ပြီးအပေါ်စီးကနေ၍ မျက်နှာပေါ်လက်သီးချက်များစွာကျရောက်လာတာမို့ ပြန်ခုခံရုံမှအပအခြားဘာမှလုပ်လို့မရပေ။

 ရင်၌ပျိုးသောဆူး Where stories live. Discover now