part 8

10.1K 882 125
                                    

Uincode

နွေ၊မိုး၊ဆောင်းအလီလီပြောင်းလဲသွားလည်း
မဟောင်းတဖြစ် အချစ်ဟောင်းက
ရင်မှထာဝစဥ်တည်.......။

-------- ၁၄နှစ်ကြာပြီးနောက်----------

အစည်းဝေးခန်းထဲတွင်အအေးပေးစက်ကိုအတော်အသင့်ချိန်ထားပင်မဲ့လည်း ထိုအခန်းထဲမှာထိုင်နေတဲ့မန်နေဂျာကနေရှယ်ယာရှင်တွေအထိအအေးပေးစက်ကရှိတဲ့အအေးဓာတ်ကိုကျော်၍ သူတို့ရဲ့စိုးရိမ်ပူပင်မှုကြီးကကျော်လွန်နေကျတာကြောင့် ချွေးဒီးဒီးကျနေကြသည်။

တင်ပြနေတဲ့အကြောင်းအရာတွေပြီးသွားရင်မေးလာမယ်မေးခွန်းတွေ ရှာလာမယ်ပြဿနာတွေကအတော်ကြီးနိုင်တာကြောင့်ပင် မဟာမြိုင်ဆောက်လုပ်ရေးကတာဝန်ယူထားတဲ့အဆောက်ဦးတစ်ခုမနေ့ကဆောက်လုပ်နေရင်းပြိုကျလာတာကြောင့် သတင်းတွေမှာအတော်ဂယက်ထသွား၍ ဒီနေ့ရုံးချုပ်ကနေCEOကိုယ်တိုင်ဆင်းလာပြီအစည်းဝေးလုပ်နေတာအခုဆိုရင် ၁နာရီကျော်ကြာနေပြီဖြစ်သည်။

နေ့လည်ထမင်းစားချိန်ကျော်နေပင်မဲ့လည်းမည်သူမှထမင်းမစားရသေးသလို့ CEOကိုယ်တိုင်လည်းမစားရသေးပေ။

" ဆရာ နေ့လည်စာစားဖို့----- "

" ကျုပ်ဒီပြဿနာအကြောင်းအရင်းကိုမသိရသေးပဲဘယ်သူမှနေ့လည်စာမစားရဘူး ကျုပ်အပါအဝင်ပဲ "

CEOရဲ့အတွင်းရေးမှုးကနေ့လည်စာအတွက်သတိပေးပင်မဲ့ CEOရဲ့ပြန်လည်ချေပလိုက်တဲ့စကားတွေကြောင့်အားလုံးမျော်လင့်ချက်မဲ့စွာဖြစ်ကုန်သည်။

" ဦးမြတ်မောင် ဒါကခင်ဗျားတာဝန်ယူထားတဲ့အပိုင်းမဟုတ်လား ဒီလောက်ငွေတွေကွာနေတာခင်ဗျားမျက်လုံးမမြင်ဘူးလား ဆုံးရှုံးမှုတွေအတွက်ခင်ဗျားတာဝန်ယူဖို့ပြင်ထားပါ "

" ဒါက---!"

"ကျွန်တော်အကြောင်းပြချက်တွေနားမထောင်ချင်ဘူးဖြေရှင်းမဲ့နည်းနဲ့ တာဝန်ယူမှုကိုပဲသိချင်တာ၊ အခုပစ္စည်းတွေမှာယူထားတဲ့ဘက်ကိုသေချာပြန်စစ်ပါ တစ်ခုခုထူးထူးခြားခြားမသိရရင် တာဝန်ယူထားတဲ့လူအားလုံးထောင်ထဲဝင်ဖို့ပြင်ထားကြ!"

CEOရဲ့အေးစက်တဲ့စကားလုံးမုန်တိုင်းတွေအဆုံးမှာတော့ဒီပရောဂျက်ကိုတာဝန်ယူထားတဲ့လူတိုင်းဇောချွေးပြန်လာရတော့သည်။ နောက်ထက်CEOကရာဇသံပါပေးသွားပြန်သည်။ ဒါကတော့

 ရင်၌ပျိုးသောဆူး Where stories live. Discover now