part 9

9.8K 931 116
                                    

Uincode

ဒီနေ့ကမြို့စွန်ကအဆောက်ဦးတစ်ခုအတွက်အိပ်ဖွင့်တင်ဒါပွဲကိုတက်ရောက်ရမှာမို့တွဲဖက်ပါတနာလိုနေသည်။ ခါတိုင်းပွဲတွေဆိုအတွင်းရေးမှုးနဲ့သာတက်ဖြစ်ပင်မဲ့ဒီတစ်ခါကပွဲကတော့ မိန်းခလေးပါတနာလိုတာမို့အလုပ်ထဲက ကြည့်ကောင်းတဲ့ကောင်းမလေးတစ်ယောက်ကိုအကူညီတောင်းဖို့အတွက်မနေ့ကရွှေးထားတဲ့ အရောင်းဌာနဘက်က အလီဟန် ဆိုတဲ့ကောင်မလေးကိုအကူညီတောင်းထားရသည်။ အဝတ်စားတွေလည်းပို့ပေးပြီးသွားပြီမို့ အခုလောက်ဆိုသူအဆင်သင့်ဖြစ်လောက်ပါပြီ ကိုယ်တိုင်ကတော့ထုံးစံအတိုင်းAll blackနဲ့သာပင်

" သွားကြ တာပေါ့၊ ဒါနဲ့ကောင်မလေးရောက်ပြီလား"

" အောက်ထပ်မှာရောက်နေပါပြီ သူဌေး "

" ဒါဆိုသွားကြတာပေါ့ "

အပေါ်ထပ်ကနေဆင်းလာတော့ဧည့်ခန်းထဲတွင်အဖြူရောင်ဂါဝန်ဝတ်ဆင်ထားတဲ့ကောင်မလေးကိုတွေ့ရသည်။ အပြင်ဆင်တွေနဲ့လိုက်ဖက်မှုရှိစွာမိန်းမချောလေးတစ်ခုဦးပင်

" CEO ဘာတွေများပြင်ဆင်ထားရမလဲစာရွက်စာတမ်းတွေက "

" အကုန်ပြင်ပြီးပြီး မင်းတာဝန်ကငါနောက်ကနေလူတစ်ချို့ကိုစောင့်ကြည့်ပေးရုံပဲ "

" ဟုတ်ကဲ့ပါ "

" ဒါဆိုသွားကြ တာပေါ့ "

မည်သည်စကားအပိုမှမပြောပဲလိုရင်းကိုသာပြော၍စွဲဆောင်မှုရှိစွာ ဘယ်နေရာမှအပြစ်ပြောစရာမရှိတဲ့CEOကိုကြည့်၍ ညကမှဖက်ထားတဲ့ Bl Ficထဲက semeဟု၍စိတ်ကူးယဥ်နေမိသည်။ ဒီပွဲမှာUkeချောချောလေးနဲ့တွေ့ဖို့ဆုတောင်းပေးနေမိပြန်သည်။ CEOကဒီလောက်ပြည့်စုံပြီးဒီလောက်ယောကျာ်းဆန်တာ သေချာပေါက်ယောကျာ်းယူသင့်တာပေါ့

ကားထဲတွင်ဘေးတစ်ဖက်မှာထိုင်နေတဲ့CEOကိုသေချာကြည့်၍အမှတ်တွေပေးနေမိပြန်သည်။ လက်တော့ကိုကြည့်၍စိတ်ဝင်စားစွာအလုပ် လုပ်နေတဲ့ပုံကလုံးဝကြည့်ကောင်းလွန်သည်။ အမြဲမပြုံးပဲတင်းတင်းစေ့ထားတက်တဲ့လေးကိုင်းသဏ္ဍန်နှုတ်ခမ်းတွေကဆေးလိပ်သောက်တက်တာကြောင့်အနည်းငယ်ပြာနေသည်။ ဒါပင်မဲ့စွဲဆောင်မှုရှိတာကိုတော့နည်းနည်းမှမလျော့သွားစေပေ။
အကျောစိမ်းတွေထောင်နေတဲ့လက်ကြီးတွေကဆွဲကိုက်ချင်စရာပင် ဒါအပြင်ရင်အုပ်ကျယ်ကျယ်အရပ်ရှည်ရှည်နဲ့မို့CEOကလုံးဝ Sugar daddy typeပင်

 ရင်၌ပျိုးသောဆူး Where stories live. Discover now