part 29

7.9K 715 123
                                    

Uincode

" ဘယ်လိုဖြစ်ရတာလဲ မိုက်ခ်! ဒါကဆိုးဆိုးဝါးဝါးကိုrapeခံထားရတာ ငါတို့သက်ဆိုင်ရာအကြောင်းကြားသင့်တယ်နဲ့တူတယ် ဒီရလာတဲ့ဒဏ်ရာတွေငါရှင်းပြမယ်......... "

မျက်စိရှေ့မှာတင်သတိမေ့နေလျက်ဖြစ်တဲ့ကောင်လေးကိုဟိုဘက်ဒီဘက်လှည့်၍ ဒဏ်ရာအကြောင်းရှင်းပြနေတဲ့ဒေါက်တာကို အကျယ်ကြီးအော်ပြောလိုက်ချင်တာကငါ့လုပ်ထားတဲ့ဒဏ်ရာတွေမို့အသေးစိတ်ငါသိတယ် ဆေးမြန်မြန်ကုပါလို့ပင်

" ဘာလို့တစ်ခုခုမလုပ်သေးတာလဲ "

" သက်ဆိုင်ရာကို-----"

" ကျစ်! အဲဒီမုဒိန်းသမားကငါပဲ ဒေါက်တာဖမ်းချင်ရင်ကုပေးပြီးမှဖမ်း အဆင်ပြေလား "

" မင်း!"

မယုံမကြည်နဲ့ကြည့်၍အခုမှစပြီးလိုအပ်တာတွေကိုလုပ်ပေးတော့သည်။ အကုန်ပြီးတော့မှဆေးတစ်ချို့ကိုထုတ်ပေး၍ သေချာရှင်းပြပြီးပြန်သွားတော့သည်။ ဒါပင်မဲ့ထိုကောင်လေးကတော့သတိမေ့နေလျက်ပင်

! တီ...တောင် "

ရုတ်တစ်ရပ်ဘဲလ်တီးသံကြားလိုက်ရတာမို့ ဆရာဝန်ပြန်လာတာလာဆိုပြီးတံခါးဖွင့်လိုက်တော့ မြင်လိုက်ရတာက

" ယဇ် "

" အထဲပေးမဝင်တော့ဘူးလား "

ဘာကြောင့်ယဇ်နဲ့ဆူးကဒီကိုရောက်လာခဲ့မှန်းမသိရပေ။ အိမ်ထဲကိုဝင်ခိုင်းလိုက်၍ခုံမှာထိုင်စေကာ ယဇ်ကိုကြည့်လိုက်တော့ အရင်ကထပ်ပို၍အေးဆက်စွာ ဒီအတိုင်းမနေနိုင်တဲ့ဆူးကထ၍ရှင်းပြသည်။

" မောင်နဲ့ငါမနက်စာစားရင်း မင်းအိမ်ပြန်မလာတာသိလို့နေမကောင်းဘူးလားဆိုပြီး မောင်ကလာကြည့်တာ.... အရင်မင်းရေချိုးသင့်တယ်အရက်နံတွေဟောင်နေတာပဲ "

" ကျွန်တော်နေကောင်းတာမို့ bossစိတ်ပူစရာမလိုပါဘူး "

!ဒုန်း!

Bossနဲ့စကားပြောနေတုန်းမပိတ်ထားခဲ့မိတဲ့အခန်းတံခါးကနေကျယ်လောင်တဲ့ပစ္စည်းပြုတ်ကျသံကြောင့်သုံးယောက်လုံးထိုနေရာကိုအကြည့်ရောက်သွားသည်။ အမြန်တံခါးသွားပိတ်ဖို့လုပ်လိုက်ပင်မဲ့ လျင်မြန်လွန်းတဲ့bossက အမြန်ဝင်သွားတော့တားချိန်တောင်မရလိုက်ပေ။ ပြီးတော့ကျယ်လောင်စွာထွက်ပေါ်လာတဲ့ကျွန်တော်အမည်။

 ရင်၌ပျိုးသောဆူး Where stories live. Discover now