2.

5.7K 816 156
                                        

[ Zawgyi ]

- 2:05 -

ရပ်ကွက်လေးတစ်ခုရဲ့ ဝင်္ကပါလမ်း ထောင့်စွန်းထောင့်ဖျားလေးမှာ ပန်းရောင်လွင်လွင်လေးဖုံးလွှမ်းထားတဲ့ ခြံဝန်းတစ်ခုရှိတယ်..

အကိုင်းခတ်တွေပေါ် ပန်းနုရောင်ပွင့်လွှာတွေ ဖွေးဖွေးလှုပ် ပွင့်သီနေကြသလို မြေပြင်ပေါ်ကြွေကျနေတဲ့ ပွင့်ဖတ်တွေကလဲ ပန်းရောင်နယ်နမိတ်တစ်ခုသဏ္ဍာန် ခင်းကျင်းထားကြလေတာ..

မက်မန်းပန်းပင်တွေ..
ခြံတံခါးနဲ့ အိမ်နေရာ နည်းနည်းလှမ်းတာကြောင့် ခြံဝန်းထဲတောက်လျှောက် စိုက်ထားတဲ့ မက်မန်း
ပန်းပင်တွေပေါ့..

အားလပ်ရက်တွေဆို အဲ့ဒီပန်းရောင်နယ်နမိတ်ထဲမှာ ညိုဖျော့ဖျော့အရိပ်ကလေးကို တွေ့ရတတ်လေ့ရှိတယ်..
လမ်းလျှောက်လို့ဖြစ်စေ..
ပက်လက်ကုလားထိုင်လေးချပြီး စာအုပ်ဖတ်၍ ဖြစ်စေပေါ့..

ပန်းခြုံတွေကြားက ဆွယ်တာအပါးလေးဟာ နွေးထွေးတယ်..
ပွင့်ဖတ်တွေပေါ်က ညှပ်ဖိနပ်လေးနဲ့ ခြေချောင်းစိပ်စိပ်ကလေးတွေက နူးညံ့တယ်..
ဘောင်းဘီအရှည်အပွကြီးတွေကတော့ ရာသီတိုင်းအတွက် လွတ်လပ်မှုပဲ..

ကြွေလွင့်လာတဲ့ ပွင့်ချပ်တွေကြားမှာ ကော့စင်းနေတဲ့ မျက်တောင်တဖြတ်ခတ်မှုဟာ မိန်းမောချင်စရာ အလှတရား..

ခြံထဲမှာ ဝန်ထမ်းအိမ်ရာ ရှိသေးပေမဲ့ ပြင်ပက အကြောင်းတစ်စုံတရာပေါ်မလာရင် အဲ့ဒီအရိပ်ကလေးဆီ ဘယ်သူမှ မချဉ်းကပ်ကြတာများရဲ့..
အကုန်လုံးက အဲ့ဒီအရိပ်ကလေးဖြစ်တဲ့ ရှောင်းကျန့်ရဲ့ နေထိုင်နည်းစနစ်နဲ့ ရင်းနှီးပြီးသားဖြစ်နေခဲ့ကြတာကို..

ရှောင်းကျန့်က ဝန်ထမ်းတွေအပေါ် ဖော်ရွေပေးတယ်၊ ချစ်ခင်ပေးတယ်..
ဒါပေမဲ့ သူ့ကိုယ်ပိုင်အချိန်တွေကို နှောင့်ယှက်ခံရတာတော့ ကြိုက်တတ်တဲ့သူမဟုတ်ဘူး..

‌ကော်ဖီတောင် သူ့လက်နဲ့ပဲ ဖျော်ပြီးသောက်ရမှကျေနပ်တတ်တဲ့သူမျိုးမို့ သူ သီးသန့်အနားယူနေတဲ့အချိန်တွေဆို သူ့အတွေးနဲ့သူလေး ပေးနေတတ်တာ ရှောင်းအိမ်က ဝန်ထမ်းတွေအကုန်လုံးပါပဲ..

ရှောင်းကျန့် ဝန်ထမ်းတွေကို ခန့်ထားရခြင်း ရည်ရွယ်ချက်က သုံးမျိုးတည်းရယ်..
ပန်းချီကားတွေရှိနေတဲ့ သူ့အိမ်ကိုကာကွယ်ဖို့..
ပန်းချီကားတွေ ရေခြားမြေခြား ရွေ့လျားမှုပြုရတဲ့အခါ ထိန်းသိမ်းဖို့..
Sean ဟာ ထိုလူတွေအတွက် အလုပ်နေရာတစ်ခု ဖြစ်ပေးဖို့..

Flirting PlaylistWhere stories live. Discover now