7.

4.4K 672 160
                                    

[ Zawgyi ]

- 7:05 -

ဟိုတယ်ပြန်ရောက်တဲ့အချိန်မှာ မှောင်ရီပျိုးစဖြစ်လို့နေပြီ..
တကယ်ဆို ရှောင်းကျန့်က စက်ဘီးနဲ့ နည်းနည်းလေးလျှောက်ပတ်ကြည့်ဖို့ စဉ်းစားထားခဲ့တာ..
ဖတ်လက်စ စာအုပ်က သည်းထိပ်ရင်ဖိုအမျိုးအစားကိုမှ သိချင်စိတ်ပြင်းပြအောင်လုပ်နိုင်စွမ်းတာမို့ ကဖေးမှာတင် တစ်ထိုင်တည်း ထိုင်ဖတ်လိုက်မိတာ ညနေစောင်းသွားရောပဲ..

သတိတရရှိလို့လှည့်ကြည့်မိတဲ့အချိန်တိုင်းမှာ သူ့ဘေးကကောင်လေးမှာလည်း တစ်ကိုယ်လုံးတွန့်လိမ်ခွေခေါက်နေရောပါပဲ..
အင်းလေ.. သုံးနာရီတောင်ကြာသွားတာဆိုတော့လည်း..

ရှောင်းကျန့်ကိုသာရည်းစားတော်ရင် ဘယ်လောက်ပျင်းဖို့ကောင်းမလဲဆိုတာ ဒီကောင်လေးသိသင့်ပြီ..

" ကိုကို.. ဒီပေါင်မုန့်တွေနဲ့ ကျွန်တော် ကိုကို့အခန်းထဲညစာလာစားဖို့နဲ့ အလဲအလှယ်လုပ်မလား "

ဟိုတယ်ရှေ့ စက်ဘီးရှေ့ဆင့်နောက်ဆင့်ရပ်ပြီးတာနဲ့ ရိပေါ်ဆီကစကားသံဖြစ်ရဲ့..
ရှောင်းကျန့်က အဖက်ကိုလုပ်မနေတော့ဘူး..
ပေါင်မုန့်တွေကိုသူမတရားကြိုက်ပေမဲ့ ဉာဏ်ကိုလွှာသုံးပြနေတဲ့ကောင်လေးက မကြည်ချင်စရာလေးဖြစ်တာမို့..

" စတာ .. စတာ.. ဒီညတစ်ညတည်းတော့ အကုန်မစားပစ်လိုက်နဲ့ဉီး.. ရင်ပြည့်ပြီးနေမကောင်းဖြစ်မယ် "

အပြောနဲ့ထပ်တူ ရိပေါ် takeaway ယူလာတဲ့ ပေါင်မုန့်ဘူးအထုတ်ကြီးက ရှောင်းကျန့်ရဲ့ စက်ဘီးခြင်းထဲကို တန်းတန်းမတ်မတ်ကျလို့လာတယ်..

သူ့ရှေ့ကကောင်လေးမမြင်ခင် ကျေနပ်ပြုံးတစ်ခုကို ရှောင်းကျန့်က ချောင်းဟန့်လို့ ထိုးဖွက်လိုက်ရတော့ရဲ့..

ဆိုးတော့မဆိုးပါဘူး..
ဒီကောင်လေးက ဒီလိုကျတော့လည်း တော်တော်ချစ်ဖို့ကောင်းသားပဲ....
အဲ့ဒီပေါင်မုန့်တွေကို သူမျက်စိကျနေခဲ့တာအမှန်ပဲမို့....။

-

-

-

" ကျွန်တော်နဲ့ လိုက်မယ်ဆို အဲ့ကြယ်သီးတွေတပ်မှရမယ် "

Flirting PlaylistWhere stories live. Discover now