18.

4.7K 595 71
                                        

[ Zawgyi ]

- 10:00 -

သီချင်းတီးလုံးသံတွေအောက်မှာ ဖြာကျနေတဲ့ ဒစ်စ်ကိုမီးရောင်စုံနဲ့ အလင်းအမှောင်အရိပ်အရွေ့ကြားထဲ လူတွေရဲ့မျက်နှာကို သူ မနည်းလိုက်ဖမ်းနေရရဲ့..
ပခုံးလှုပ်လိုက် ခါးလှုပ်လိုက်နဲ့ ကခုန်နေကြတဲ့ မိန်းကလေးတွေကိုလည်း သူ လူမှားဆွဲမိလို့ တောင်းပန်ရတာ ခဏခဏ..
သူ.. ရှောင်ထင်းကို လာရှာတာ...

မနေ့ညတုန်းကသာ ရှောင်းကျန့် ဒီကိုပြန်ရောက်နေပြီလားဆိုတဲ့အသိတစ်ခုတည်းနဲ့ ကျန်တာတွေ ဘာမှမစဉ်းစားနိုင်ခဲ့တာ..

ကိုကိုက ဒီဗီဒီယိုကို ဘယ်တုန်းတည်းကသိတာလဲ..။
အရင်တည်းကလား အခုမှလား.. ၊
ရှောင်ထင်းတို့ မောင်နှမတွေက ကျန့်ကောနဲ့အဆက်သွယ်ရှိနေခဲ့ကြတာလား...။

ဒီမေးခွန်းတွေအကုန်လုံး သူ့ ခေါင်းထဲအုံလာတဲ့အချိန်ကျတော့ ရိပေါ်က အိပ်ရေးပျက်မှုတွေနဲ့ ညဉ့်သန်းခေါင်ယံမှာ ..
အဲ့ဒီလူ ပြန်မရောက်လာသေးဘူးဆိုတဲ့ အတည်ပြုချက်နဲ့တကွပေါ့...

ရှောင်ထင်းကို ထပ်လာရှာဖို့လည်း အလုပ်မှာ တစ်နေကုန် သူ ထိုင်မရထမရနဲ့ပါပဲ..
သူ့မွေးနေ့မတိုင်ခင်ကတည်းက သိနေတာဆိုရင်.. ဆိုတဲ့အလှန့်တရားတွေနဲ့...
အဲ့ဒီလိုမဟုတ်တာလည်းဖြစ်နိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက် ခပ်သေးသေးကိုဆုပ်ကိုင်လို့..

သူနဲ့ ရှောင်ထင်း ထပ်ဆုံရတဲ့အခါ..
စိတ်မပါပေမဲ့.. ဒါမျိုးတွေနဲ့ ကင်းကင်းနေမယ်လို့ ဆုံးဖြတ်ထားပေမဲ့ ရှောင်ထင်းရဲ့ လူသိမခံနိုင်တဲ့တချို့‌သောပြသနာရပ်တွေနဲ့ ခြိမ်းခြောက်ခြင်းတွေ ရိပေါ်ပြုခဲ့ရတယ်..
ဒါမှ ဗီဒီယိုနဲ့ ရှောင်းကျန့်ပတ်သတ်မှုအကြောင်းတွေကို သူသိခွင့်ရှိမှာမဟုတ်လား...

မှားတယ်.. သူပဲထပ်မှားတယ်..
သူ့အမှားတွေက အဆုံးမသတ်နိုင်တော့ဘူးထင်ပါရဲ့....

ဗီဒီယိုပါအကြောင်းအရာတွေကို သူကိုယ်တိုင်တောင် မြင်မြင်ချင်းတုန်းက တုန်လှုပ်သွားခဲ့တာ ၊ ငြင်းမရလို့ လက်ခံခဲ့ရပေမဲ့ သူက ဒီလိုလူမျိုးဖြစ်ခဲ့တာလားဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို အထိတ်တလန့်ရှိခဲ့တာ...
အဲ့ဒီလူသာဆို ဘယ်လောက်တောင် သွေးပျက်သွားလိမ့်မှာလဲ....

Flirting PlaylistWhere stories live. Discover now