[ Zawgyi ]
- 6:05 -
အဲ့ကောင်လေးကပဲ လည်မွတ်နေတာလား..
သူကပဲ သိပ်ကိုနုံအနေတာလား..လေယာဉ်ပေါ်ကနေ မဆင်းသေးခင်ကတည်းက ဟိုတယ်ရောက်တဲ့အထိ သူ့ကိုစိတ်ဆတ်အောင် လာလာဆွနေခဲ့တာ အဲ့ကောင်လေးက..
ပစ်ပစ်နှစ်နှစ်စကားတစ်ခွန်းလောက်နဲ့ဖြစ်ဖြစ် ရပ်တန့်သွားအောင်လုပ်ရမှာကို ဘာက အဲ့လောက်ခက်ခဲနေမှန်းမသိပြန်ဘူး..
ရှောင်းကျန့်ကပဲ မသိချင်ယောင်ပေးဖြစ်လိုက်တာအကြိမ်ကြိမ်...ဒီနေ့တစ်နေ့တည်းမှာတင်ဖြစ်ရဲ့...။
အချိန်တွေဘယ်နှစ်ပတ်လည်ပြီးပြီးလဲ သူမသိလိုက်..
သူစမ်းတဝါးဝါးနဲ့နိုးလာတဲ့အချိန်အထိ သူ့ပါးက ဟိုကောင်လေး ရင်ဘတ်မှာအပ်ထားမိနေတုန်း..
ရှောင်းကျန့် ဆတ်ခနဲ ခေါင်းမတ်မိခဲ့ပါရဲ့.." ကိုကိုနိုးပြီလား "
" အင်း.. ဆောရီး မင်း ပခုံးအောင့်နေမယ်ထင်တယ် "
" နည်းနည်းလေးမှ မအောင့်ဘူး.. တခြားဘယ်ကောင်မလေးကိုမှ ဒီလောက်ကြာအောင် ပခုံးပေးထားဖူးတာမဟုတ်ဘူး.. ကိုကို့ကိုမို့နော် "
" .... "
အဲ့ဒီလိုမျိုးတွေပေါ့..
ဒါ သူတို့လေယာဉ်ပေါ်မှာပဲ ရှိနေကြတုန်းက..။-
-
တစ်ဖက်နိုင်ငံရဲ့ လေဆိပ်ဟောလ်ထဲရောက်ရောက်ချင်း ရှောင်းကျန့် ဘာလုပ်ရတယ်များထင်လို့လဲ..
ဝမ်ရိပေါ်လက်ထဲက သူ့ခရီးဆောင်အိတ်ကိုသူ ပြန်လုရတာပါပဲ..သူ စူးစူးစိုက်စိုက်ကြည့်ပေးလိုက်တဲ့အခါမှ အဲ့ကောင်လေးက လွှတ်ပေးတော့တာ..
ဒါတောင် ပြုံးစိစိနဲ့.." လေယာဉ်ပေါ်မှာတုန်းက ကျေးဇူး.. ဆေးအတွက်ရော.. "
" ကိုကိုကလဲ စိမ်းကားလိုက်တာ.. ပြောစရာလူတွေမှမဟုတ်တာကို "
" ဒါနဲ့ ဝမ်ရိပေါ်က အခုဘယ်ကိုသွားမှာလဲ.. ကျွန်တော် အလုပ်တွေပေးခဲ့တယ် ကောင်မလေးတွေ မပြောဘူးလား "
" ကျွန်တော်လား.. ကိုကို့နောက်ခိုးရာလိုက်လာတာလေ "
" !!!! "

YOU ARE READING
Flirting Playlist
Fanfictionကိုကို အလိုလိုက်လွန်းလို့ ဆိုးချင်တိုင်းဆိုးနေတဲ့ ကောင်လေးတစ်ယောက်အကြောင်း ...။ - Flirting Playlist - ကိုကို အလိုလိုက်လွန်းလို့ ဆိုးချင်တိုင်းဆိုးနေတဲ့ ကောင်လေးတစ်ယောက်အကြောင်း ...။ [ Book cover by Carley_CY ] - 26.1.2021