.Chorus Melody.

4.8K 603 101
                                    

[ Zawgyi ]

- 9:30 -

' ကျွန်တော့်ထက် အရပ်ရှည်နေတာကိုလဲ မကြိုက်ပါဘူး '

နက်ပွာ‌ရောင် အနောက်တိုင်းဝတ်စုံပြည့်နဲ့ သူ့မြင်ကွင်းထဲ တစ်လှမ်းချင်း.. လှမ်းလာနေတဲ့ကောင်လေးက တကယ်ပဲ ရှောင်းကျန့်ထက်ပါ မဆိုစလောက်လေး အရပ်ပိုရှည်နေတာတော့ အမှန်...။

' အဲ့ဟာလေးက ကိုကို့ကို အစ်ကိုလို့ခေါ်တာလဲ မကြိုက်ဘူး '

' ကလေးဆိုးရဲ့.. ကိုယ့်ထက်ကြီးတဲ့သူကို အစ်ကိုလို့မခေါ်လို့ မင်းလိုမျိုး စတွေ့တည်းက ကိုကိုလို့ လိုက်ခေါ်နေရမှာလား သူများက '

' ဘာဖြစ်ဖြစ်! '

သူ့ရှေ့မှာ ခြေစုံရပ်တဲ့ကောင်လေးက ဦးစွာပြုံးပြလာရဲ့..၊ နှုတ်ဆက်လာတဲ့စကားက ... " ကျွန်တော်တို့ ထပ်ဆုံကြပြန်ပြီနော် အစ်ကို.. " တဲ့...။

ကိုကိုလို့ ခေါ်ရဲခေါ်ကြည့်ပါလား သေတောင်သွားဦးမယ်..ဆိုတဲ့ သူ့ကလေးလေးရဲ့ နောက်ဆက်တွဲအသံကို ဆက်ကာကြားယောင်ရင်း ရှောင်းကျန့်က ပြုံးမိပါသေးရဲ့..
သူ့ရှေ့ကကောင်လေးကတော့ သူ့ကိုပြုံးပြနှုတ်ဆက်တယ်ထင်သွားမလားပဲ...

' ရုပ်ကတော့ ကျွန်တော်ပိုချောတယ် '

ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင်က ထိုင်ခုံကိုဆွဲပြီး ကျစ်ဟန်က ဝင်ထိုင်လာတယ်..
ချောတယ်မချောဘူးဆိုတာထက် ပိရိသေသပ်နေတဲ့ ဉပဓိရုပ်မျိုးပါပဲ..

သူ့ကလေးလေးလို ပါးဖောင်းဖောင်းလေးတွေမရှိဘူး..
နှုတ်ခမ်းလုံးလုံးလေးလည်းမရှိဘူး..
အင်း... ရိ‌ပေါ်ပြောသလို ရိပေါ်က ပိုလည်းချောတဲ့အပြင် သူပြောဖူးသလိုလည်း ပိုလည်းချစ်ဖို့ကောင်းတာပေါ့..

လူတစ်ယောက်နဲ့ဆက်ဆံရင် ရှောင်းကျန့်က အဲ့ဒီလူဆီမှာ ထင်ထင်ပေါ်ပေါ် မြင်နေရတဲ့ရုပ်ရည်လက္ခဏာမျိုးထက် အဲ့ဒီလူက ပေးလာတဲ့ ခံစားချက်ကိုပဲ မှတ်ထားလေ့ရှိတတ်ခဲ့တာ..
ရိပေါ်ကို ဟိုးကနဦးတုန်းက မျက်စိနောက်စရာကောင်လေးလို့ စိတ်ထဲစွဲနေခဲ့ဖူးသလိုမျိုးပေါ့..

အခု ဒီကောင်လေးကိုလည်း သူက အပြင်ပန်းဆိုင်ရာတွေ ဘာတစ်ခုမှကိုသတိထားမိခဲ့တာမဟုတ်ဘူးပဲ..
ရိပေါ်ပြောလိုက်တော့မှပဲ တစ်ခုချင်းစီ ပြန်လိုက်ကြည့်နေမိတော့တဲ့အဖြစ်နဲ့ သူ့ပုံစံက အူကြောင်ကြောင်နိုင်နေလောက်မယ်ထင်ရဲ့...

Flirting PlaylistWhere stories live. Discover now