14.

5.2K 606 168
                                    

[ Zawgyi ]

- 9:40 -

ဒီနေ့ ရာသီဉတုက မိုးဖွဲချင်တယ်..
လမ်းတစ်လျှောက် ကားပြတင်းမှန်တွေကို မိုးစက်မှုန်မွှားတွေတဖြတ်ဖြတ်တိုးခတ်ရင်းကပဲ ဖြည်းဖြည်းဆေးဆေး‌မောင်းနှင်လာတဲ့ကားလေးက အလိုရှိရာကို ချဉ်းကပ်လို့လာရဲ့..။

ရွက်ဝါအပင်ကြီးတွေအုံ့ဆိုင်းနေတဲ့ မို့မို့မောက်မောက် ကတ္တရာလမ်းသွယ်‌လေးထောင့်စွန်းမှာ တိတ်တိတ်ဆိတ်ဆိတ်ခြံဝင်းအကျယ်ကြီးတစ်ခုက ဆီးကြိုနေလျက်...။

တောင်ကုန်းလိုမတ်စောက်တဲ့ ကတ္တရာလမ်းအဆုံးကို ကားဦီးခေါင်းလိမ့်တင်အပြီးမှာမှ အလိုအလျောက်ပွင့်တဲ့တံခါးစနစ်နဲ့ သူတို့ကားလေးက ခြံထဲကိုရောက်လို့လာတယ်..
ကားစက်သတ်လိုက်တဲ့အခါ ခဲရောင်ခန်းစည်းလိုက်ကာတွေအပြည့်ချထားပြီး မှန်သားတွေဝန်းရံထားတဲ့ တည်နေရာလေးက သူ့တို့မျက်စိရှေ့အလွန်မှာတင်ဖြစ်တယ်..။

ရိပေါ်ကတော့ ကားရပ်ကတည်းက ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ စကိတ်စီးလေ့ကျင့်ဖို့ ရှောင်းကျန့် တကူးတက ဆင်ယင်ခိုင်းထားတဲ့နေရာဆီကို လှမ်းကြည့်နေခဲ့တာ...
ရှောင်းကျန့်သိပါတယ် .. အဲ့ဒီ အိမ်လုပ်စကိတ်ကွင်းအသေးစားလေးကို ဒီကောင်လေး စိတ်တိုင်းကျလိမ့်မယ်ဆိုတာ ...
မိုးကျ‌နေတာသာမဟုတ်ရင် အဲ့ကောင်လေး ချက်ချင်းကိုအစမ်းသွားစီးကျင့်နေမလားပဲ...

ရှောင်းကျန့်တို့က အခု ရိပေါ်တစ်ခါပူဆာထားဖူးတဲ့ နွရောသီစံအိမ်ကို ရောက်နေခဲ့တာဖြစ်တယ်..
ပြင်ဆင်မှုအပြီးသတ်တာ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းကပေမဲ့ အလုပ်မအားတဲ့သူ့ကြောင့်ရော..၊ သူ့ထက် အချိန်ဇယားပိုများတဲ့ကောင်လေးကြောင့်ရော ဒီနေ့မှာမှရောက်ဖြစ်တော့တာပါပဲ..

" ကလေး အရင်နားမယ်မလား... ပြီးမှ ခြံထဲလျှောက်ကြည့်ရင်ကြည့်လေ "

ဆံပင်ခပ်အုပ်အုပ်လေးကိုလှမ်းဖွဖို့ပြင်တော့ တစ်လမ်းလုံး စိတ်ကောက်လာတဲ့ကောင်လေးကရှောင်ပါတယ်..

" ကိုကို့ကို စောင့်ဦးလေ .. မိုးကျနေတာကို.. ရိပေါ်... "

ပြောမနိုင်ဆိုမနိုင်ပြန်ပါဘူး..
ထိုင်ခုံခါးပတ်ဖြုတ် ကားတံခါးဖွင့်ပြီး သူ့ကိုလှည့်မကြည့်ဘဲ ပြေးဆင်းသွားတဲ့ကောင်လေးက အိမ်အဝင်‌ပေါက်ဝအထိ...

Flirting PlaylistWhere stories live. Discover now