.Verse Melody.

7.3K 856 227
                                    

[ Zawgyi ]

- 4:05 -

အမျိုးအစားစုံ ယာမကာပုလင်းလှလှလေးတွေရယ် ၊ ယာမကာဖျော်စပ်နေသူတွေရယ်ရှိနေကြတဲ့ မြင်ကွင်းက မရည်ရွယ်ပါဘဲ တစ်စုံတစ်ယောက်ကို သတိရဖို့ အချက်ပြပေးနေသလိုမျိုး..
သောကြာနေ့ည အလုပ်ကအပြန်သွားတဲ့ ဘားမှာ အဲ့ဒီကောင်လေး ပျော်နေခဲ့လေသလား..

အဖြေက တကူးတကရှာစရာမလိုဘဲလည်း သိနိုင်ပါတယ်..
အဲ့ဒီနေ့ညက ရှောင်းကျန့်ဖုန်းထဲ နားယဉ်နေပြီဖြစ်တဲ့ တတောင်တောင်အသံလေးတွေ တိတ်ဆိတ်နေခဲ့တာမဟုတ်လား..

" ငါပြောတာကို နားထောင်စမ်းပါ ကျန့်ကျန့်ရာ "

" အေး.. အေး.. ငါနားထောင်နေတယ် "

" ငါလွန်လား နင်ပြောစမ်း "

" မလွန်ဘူး မလွန်ဘူး.. နင် မလွန်ဘူး .. ဖြည်းဖြည်း "

ချော့ပြောရင်းကပဲ ဖေးယွင်လက်ထဲက ခွက်ကိုပါ ဝင်ထိန်းပေးရသေးရဲ့..

ဒီကနေ့မှာ ဖေးယွင်ကို မလွန်ပါဘူးလို့ ချော့ပြောပြီးရင် နောက်တစ်နေ့မှာ ဖေးယွင်ရဲ့ ခင်ပွန်းဖြစ်သူ သူ့သူငယ်ချင်းကြီးကို မင်းမမှားပါဘူးလို့ ရှောင်းကျန့်ကပဲ ထိန်းပြောပေးရပါဦးမယ်။

အဲ့ဒီ သူ့သူငယ်ချင်းနှစ်ယောက်ဆိုတာဟာ အဆင်ပြေရင် တစ်လနေလို့ တစ်ခါတောင် သူ့ကိုဆက်သွယ်ဖို့ သတိမရကြပေမဲ့ သူတို့နှစ်ယောက် ရန်ဖြစ်ပြီဆိုရင်တော့ ရှောင်းကျန့်ကို ကြားထဲညှပ်ညှပ်ပြီးမှ ဖြစ်တတ်တာ သူတို့အကျင့်..၊

" ဘယ်သွားမလို့လဲ.. နင် ဒီပုံနဲ့ လမ်းလျှောက်လို့မရတာကို "

" ကျန့်ကျန့်.. အ "

ဘားကောင်တာ ခုံအမြင့်ကနေ မရမက ထရပ်တဲ့ ဖေးယွင်ကို ရှောင်းကျန့်ကပဲ လှမ်းထိန်းရပြန်တာပါပဲ..

ရုတ်တရက် လှမ်းဆွဲလိုက်ရတာမို့ ယိမ်းယိုင်လာတဲ့ ခါးက သူ့လက်ထဲရောက်လာခဲ့တာ..
သူငယ်ချင်းဆိုပေမဲ့ သံသယဝင်စရာအပြုအမူမျိုးတွေ နည်းနည်းလေးတောင် အဖြစ်မခံချင်တဲ့ သူ့စိတ်ကြောင့် လက်ကောက်ဝတ်ကို ပြောင်းထိန်းဖို့ ကြံနေတုန်း..

Flirting PlaylistWhere stories live. Discover now