၀၂၆ (က)

1.8K 369 17
                                    

သုံးခန်းပေါင်းတစ်ခန်း
......

စုန့်ချီ ကြားဖူးသည်က တိုက်ယန်ရှင်းသည် မော့ယောင်တွင်
ရာထူးဂိုဏ်းသိမ်ပါမက စွမ်းဆောင်ရည်ပါ ကြီးမြင့်သည်ဟု ကြားခဲ့ဖူးသည်။ အချို့ကောလဟာလများအရ သူသည် ကောင်းဘုံကိုတက်လှမ်းနိုင်သော်လည်း အကြောင်းကိစ္စတစ် ခုကြောင့် မော့ယောင်တွင် ဆက်နေ,နေခဲ့သည်ဟု ဆိုကြသည်။

ဤလီယန်ကျန်းရန်သည် မော့ယောင်တွင် အလေးပေးခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သို့သော် ယခု သူမြင်ရကြားနေရသည်များနှင့်မူ လွန်စွာကွဲပြားခြားနေပေ၏။

စုန့်ချီမြင်နေရသည့် မှတ်ဉာဏ်အပိုင်းအစများသည် အစီစဉ်တကျမရှိ ဖရိုဖရဲဖြစ်နေလျက်။ တိုက်ယန်ရှင်းသည် မျက်ရည်များသုတ်ကာ စာအုပ်များကိုင်လျက် ဤနေရာမှထွက်ခွာသွားတော့သည်။ ထို့နောက်တွင် မြင်ကွင်းကပြောင်းလဲသွားပြီး ခန်းမဆောင်တစ်ခုထဲရောက်လာ၏။

အနီးတစ်ဝိုက်ရှိ မော့ယောင်တပည့်ဂိုဏ်းသားများအားလုံး
မတ်မတ်ရပ်နေကြပြီး ခေါင်းကိုအနည်းငယ် ငုံ့ထားကြသည်။ မြင်ကွင်းက ပကတိတည်ငြိမ်လျက်ရှိသည်။ တိုက်ယန်ရှင်းက တစ်ကြိမ်သာ ခေါင်းမော်ကြည့်လာပြီး တဖန်ခေါင်းကိုပြန်ငုံ့ကာ ကြမ်းပြင်ကိုသာ ငေးစိုက်ကြည့်နေ၏။

သူ့နံဘေးက တစ်စုံတစ်ယောက်မှာတော့ ဣန္ဒြေရရ ရပ်နေခြင်းမရှိ။ ဖုချီက တိုက်ယန်ရှင်း၏ အင်္ကျီစကို ခပ်စစဆွဲလျက် တီးတိုးပြောလာသည်။

"ရှစ်ရှုန်း ကျွန်တော်တို့ ဖင်းလွမ်စာသင်ဆောင်မှာ မိန်းကလေးနည်းတယ်နော်.ကျင်းစီကို ကြည့်ကြည့်လိုက်
အကုန်လုံးက ဆွဲဆောင်မှုရှိပြီး လှနေရောပဲ "

တိုက်ယန်ရှင်းက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ့လက်ကို ပုတ်ထုတ်လိုက်သည်။

"ငြိမ်ငြိမ်ရပ်နေစမ်း.လျှောက်ပြီးလိုက်ကြည့်မနေနဲ့ "

"ရှစ်ရှုန်း , ရှစ်ရှုန်း လည်း မငယ်တော့ဘူးပဲ.သဘောကျတဲ့ မိန်းကလေးတစ်ယောက်ယောက်များ မရှိဘူးလား ?"

ဖုချီက ပြုံးလျက် တိုက်ယန်ရှင်း၏ပုခုံးကို တိုက်ကာမေးလိုက်၏။

မြေခွေးမိစ္ဆာကျင့်ကြံရေးလမ်းညွှန်Where stories live. Discover now