၀၂၉

1.7K 389 91
                                    

ဖုချီ သူ့အားနှုတ်ဆက်ပါစေဟု
မျှော်လင့်ခဲ့ပါသော်လည်း...
.........

အရပ်အမောင်းကွာခြားမှုကြောင့် ဖုချီ၏အရပ်က တိုက်ယန်ရှင်းကို စီးမိုးနေသည်။

ဖုချီက မျက်လုံးနက်နက်များဖြင့် စူးစူးနစ်နစ်စိုက်ကြည့်နေသည်မှာ နှစ်လကြာရှည်စွာ ခွဲခွာခဲ့ရသော မိတ်ဆွေဟောင်းနှစ်ဦး ပြန်လည်ဆုံတွေ့ကြသည့်အလား။ သို့သော် ဖုချီ၏ မျက်ဝန်းထဲရှိ ခံစားချက်များက တစ်မျိုးတစ်ဖုံ အတိုင်းသား ပိုလျှံနေဟန်ရှိ၏။

ဖုချီက လည်ချောင်းများအက်ကွဲစွာဖြင့် မေးလိုက်သည်။

" ဆံကျစ်ရော ? "

သူ့စကားကိုကြားသော် တိုက်ယန်ရှင်းက ဝတ်ရုံလက်ထဲမှ ဆံကျစ်ကိုထုတ်ယူလိုက်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်သည်။ မမျှော်လင့်ထားစွာပင် ဖုချီက သူ့လက်ကောက်ဝတ်ကို ဆွဲလှည့်လိုက်ပြီး
သွေးထွက်နေဆဲ ဒဏ်ရာကိုကြည့်လိုက်သည်။ သူက ဒေါသများကို အတင်းအကြပ်ဖိနှိပ်ထားရဟန် သုန်မှုန်နေသောလေသံဖြင့်ဆိုလာသည်။

"ဘယ်သူလုပ်တာလဲ ? "

တိုက်ယန်ရှင်း တုန်လှုပ်သွားသည်။ သူ့လက်ထဲမှ ရုန်းထွက်ပါသော်လည်း အချည်းနှီးပင်။

" ရှစ်တိ!မင်း ဒါဘာလုပ်တာလဲ ? "

ဖုချီက ပြန်မဖြေဘဲ တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။

" ကြာပွတ်ရာ..ချင်းယွမ်.... "

ဖုချီသည် ခေါင်းကိုအနည်းငယ်ဝေ့ဝဲကြည့်လိုက်လျှင် မှောက်လျက်လဲကျနေသော ချင်းယွမ်ကို တွေ့လိုက်ရသည်။
သူမသည် အဆက်မပြတ်ချောင်းဆိုးလျက်ရှိပြီး ကနဦး၌ ချင်းချိုးရှန်အားတိုက်ခိုက်သည့် စွမ်းအင်ပေါက်ကွဲမှုအပြီး ပြင်းထန်သော အတွင်းဒဏ်ရာရရှိသွားခဲ့သည်။ ဖုချီ အသက်ရှင်နေသေးတာကို မြင်လိုက်ရချိန်တွင် သူမသည် အလွန်အမင်း အံ့ဩဝမ်းသာသွားပြီး လှုပ်လှုပ်ရှားရှား လုပ်လိုက်ရာ အတွင်းဒဏ်ရာများက ပို၍ဆိုးဝါးသွားခဲ့သည်။

ပြန်လည်ရှင်သန်လာကတည်းက ဖုချီ၏မျက်ဝန်းများသည် တိုက်ယန်ရှင်းဆီမှ တစ်ချက်မခွာကြောင်း သူမမြင်ခဲ့ရသည်။ မတိုင်ခင်က တစ်စုံတစ်ယောက်၏စကားများကို ပြန်လည်အမှတ်ရ၍ သူမနှလုံးအိမ်မှာ လေးလံလာရသည်။

မြေခွေးမိစ္ဆာကျင့်ကြံရေးလမ်းညွှန်Where stories live. Discover now