အတိတ်အခါကဆိုလျှင် ရုန်ပိုင်သည် စာသင်ချိန်ပြီးဆုံးသည့်အခါ ရန့်ဆုန့် ၊ကျဲချန်တို့နှင့်အတူ အပြင်ကိုအလည်အပတ်သွားလေ့ရှိတတ်သည်။
ယခုအခါတွင်မူ ရုန်ပိုင်သည် အတန်းချိန်ပြီးသည်နှင့် ထုရှန်းကိုပြန်ဖို့သာ စိတ်ဇောကပ်နေလေ၏။
ရန့်ဆုန့်က အနောက်မှလိုက်လာပြီး ရုန်ပိုင်ကိုခဏလောက်ရပ်ဖို့အရေး သူ့အမည်ကို အကြိမ်ပေါင်းများစွာ အော်ခေါ်လိုက်ရသည်။
ရုန်ပိုင်က အမေးမျက်ဝန်းများဖြင့် သူ့ဘက်ကိုလှည့်ကြည့်လာသည်။
ရန့်ဆုန့်မှာ ခေါင်းကိုသာခါရမ်းမိပြီး တကျွတ်ကျွတ်စုတ်သတ်သည်။
" မင့်အိမ်မှာ ရွှေတောင်ကြီး၊ ငွေတောင်ကြီးတွေများရှိနေတာလားကွာ၊ အိမ်ပြန်ဖို့ ဘာလို့အဲ့လောင်တောင်လောကြီးနေရတာလဲ "
ကျဲချန်ကလည်း ဘေးတွင်ရပ်လျက် ဝင်ပြောလာသည်။
" ဟုတ်ပ၊ ဒီနေ့က ရာသီဥတု ဒီလောက်သာယာနေတာကို၊ ကျွန်မတို့ များများလျှောက်လည်သင့်တယ်"
အမှန်တကယ်တွင်မူ အလည်အပတ်ထွက်သည်ဆိုရာဝယ် ဒုစရိုက်မှုကျူးလွန်နေသောမိစ္ဆာများကို လိုက်လံရှာဖွေကာ " ဒုစရိုက်မှုကိုနှိမ်နင်း၍ ငြိမ်းချမ်းရေးကိုထိန်းသိမ်းခြင်း " ပင်ဖြစ်၏။ ခြောက်လောကလုံး မငြိမ်မသက်ဖြစ်နေဆဲကာလဖြစ်သည်မို့ နတ်ဘုရား၊ အမတများ၏ မျက်စိအောက်တွင်ပင်ဖြစ်လင့်ကစား မကောင်းမှုကျူးလွန်နေသည့်မိစ္ဆာများ မနည်းမနောရှိပေသည်။ သို့ပေသည့် ကျဲချန်ကဲ့သို့ အပြောင်အပျက်သဘောမျိုးဖြင့် သတ်မည်ဖြတ်မည်တကဲကဲ ၊ ရမ်းကားနေသူများလည်း ရှိပါသေးသည်။
ပုံမှန်ဆိုလျှင် ရုန်ပိုင်သည် ဤဖိတ်ကြားမှုကို ငြင်းဆိုလိမ့်မည်မဟုတ်ပေ။ သို့သော် ယနေ့တွင်မူ သူ ခေါင်းခါလိုက်သည်။
" မင်းတို့ပဲ သွားလိုက်ကြတော့ ငါ့မှာ လုပ်စရာရှိသေးတယ် "
ရန့်ဆုန့်က လက်ပိုက်လျက် မျက်ခုံးများပင့်လိုက်သည်။
" လုပ်စရာရှိသေးတယ်? အဲ့တာက မင်းအမဲလိုက်ပွဲကနေခေါ်လာခဲ့တဲ့ မြေခွေးမိစ္ဆာလေး မဖြစ်နိုင်ဘူးလား၊ ဟမ် ? "
YOU ARE READING
မြေခွေးမိစ္ဆာကျင့်ကြံရေးလမ်းညွှန်
Romance[FDCM] 【2nd book of a Trilogy】 It's just a fan translation. I don't own anything of this story. Full credit to original author Feng Ge Qie Xing & English translator Lianyin. - အင်္ဂလိပ်ဘာသာပြန်ဆိုသူထံမှ ခွင့်ပြုချက်ရရှိထားပြီး -