၀၂၄

1.5K 370 8
                                    

ငါလည်း ချိပ်တံဆိပ်အပိုင်းကို ရှာတွေ့ပြီ

......

ဘော်ငွေရောင်သော်တလက ကောင်းကင်ယံတွင် ချိတ်ဆွဲထားသကဲ့သို့ တွဲလွဲခိုနေ၏။ အေးစိမ့်သော လေပြင်းများသည် တိမ်ညိုတိမ်မည်းများကို ဆောင်ကျဉ်းလာ၍ ကျယ်ပြောသော ညဉ့်ကောင်းကင်ယံထက်ဝယ် လမင်းအားဖုံးအုပ်လိုက်သည်။

မော့ယောင်ဂိုဏ်းတစ်ခုလုံးမှာတော့ မီးများလင်းထိန်နေ၏။
ညသန်းခေါင်တွင် အချက်ပေးခေါင်းလောင်း ရုတ်တရက်ထမြည်လာခြင်းက ယွီရှစ်တောင်ထွဋ်ရှိ အိပ်မောကျနေကြသော ကလေး၊ လူကြီးတစ်ယောက်မကျန်ကို တထိတ်တလန့်နိုးကြားသွားအောင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ဖြစ်နေ၏။ သွေးချောင်းစီးမည့် အတိတ်နိမိတ်ကေတာ့ လက္ခဏာပြနေခဲ့ပြီးဖြစ်သည်။

စုန့်ချီသည် အထိတ်ထိတ်အပျာပျာဖြင့် အခန်းပြင်ထွက်၍ ကြေးမှုံဘိုးဘိုးနောက်သို့ လိုက်ပါသွားသည်။ မှောင်မိုက်နေသော ကောင်းကင်ယံတွင် အခုံးပုံသဏ္ဌာန် အပြာဖျော့ဖျော့ အလင်းပြေးလေးများကို တွေ့မြင်လိုက်ရသည်။ ထိုအလင်းပြေးက ကျယ်ပြန့်လွန်း၍ မော့ယောင်တစ်ခုလုံးကိုပင် ခြုံလွှမ်းနိုင်လိမ့်မည်ဟု ထင်ရ၏။

"အဲ့တာဘာကြီးလဲ ? "

စုန့်ချီ ခေါင်းမော့ကြည့်ကာ သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။

"မော့ယောင်ရဲ့ အကာအကွယ်စည်း..
မကောင်းဆိုးဝါးတွေ မကျူးကျော်နိုင်အောင် တားဆီးထားတဲ့ စည်း "

ကြေးမှုံဘိုးဘိုးက အလွန်စိုးရိမ်ပူပန်နေလျက်ရှိပြီး မြန်မြန်ထွက်ပြေးနိုင်ရန် စုန့်ချီအား တစ်လျှောက်လုံးဆွဲခေါ်လာသည်။ သူဟာ စုန့်ချီ၏မေးခွန်းကို ဖြေပေးဖို့ အာရုံရှိမနေပေ။ သို့သော် သူသေချာအောင်မရှင်းပြပါက စုန့်ချီက လိုက်လာမည်မဟုတ်ဆိုသည်ကို သူသိနေပြန်သည်။

"အကာအကွယ်စည်းရဲ့ မူလရင်းမြစ်က အမတလောက,က
အပ်နှင်းထားတာ.ပြောရရင် အရမ်းကိုခိုင်ခံ့ပြည့်စုံတာမျိုးပေါ့ ဒါပေမယ့် လက်ရှိရောက်နေတဲ့မိစ္ဆာတွေက သာမန်ပေါ့သေးသေးမိစ္ဆာတွေမဟုတ်ဘူး.ငါကြားတာက မိစ္ဆာမြို့တစ်မြို့ရဲ့ အရှင်သခင်တစ်ပါးက မိစ္ဆာတွေကို ဒီကိုလွှတ်လိုက်ပြီလို့ပြောတယ်.သူတို့အားလုံးသာ
ရောက်လာရင်.အကာအကွယ်စည်းလည်း တောင့်မခံနိုင်လောက်တော့ဘူး ! ပြီးတော့... "

မြေခွေးမိစ္ဆာကျင့်ကြံရေးလမ်းညွှန်Where stories live. Discover now