၀၇၇

1.7K 350 9
                                    

စုန့်ချီသည် ရုန်ပိုင်၏တည်ကြည်လေးနက်နေသည့် အသွင်အပြင်ကို ကြည့်ပြီး တိတ်ဆိတ်သွားတော့သည်။ သူ့စိတ်ထဲတွင်မူ ၊

ကျွန်တော်သာ ခင်ဗျားအိပ်မက်ထဲကို လူကိုယ်တိုင်ရောက်မသွားဖြစ်ခဲ့ရင် ခင်ဗျားရဲ့ပေါက်ကရစကားတွေကို တကယ်ယုံမိလိမ့်မယ် ။

ဒါပေမယ့် ရုန်ပိုင်က ဘယ်လိုလုပ်ပြီးများ မျက်နှာသေကြီးနဲ့ လိမ်နိုင်ရတာလဲ? စုန့်ချီမှာ သူ့အား မျက်နှာပြရန်လည်း ကသိကအောင့်နိုင်လှသည်မို့ ပိုးသားခြုံစောင်အောက်မှ ဖြည်းညင်းစွာလူးလိမ့်၍ထလိုက်သည်။

" မင်း ဘယ်သွားမလို့လဲ "

ချက်ချင်းကိုပင် ရုန်ပိုင်က သူ့လက်ကောက်ဝတ်ကို ကိုင်ဆွဲလာသည်။

ဤအပြုအမူက အနည်းငယ်မျှပိုလွန်းနေ၏။ စုန့်ချီမှာ တစ်ခဏမျှ ကြောင်အမ်းသွားရပြီးနောက် ပြန်ဖြေလိုက်သည်။

" သေချာပါက် ၊ အိပ်ယာထမလိုပေါ့။ မဟုတ်ရင် ကျွန်တော် တစ်နေ့လုံး အိပ်ယာပေါ်မှာလှဲနေရမှာလား "

ထိုစကားကြားလျှင် ရုန်ပိုင်က သူ့လက်ကိုလွှတ်ပေးလိုက်ပြီး ခြုံစောင်ကို ဆွဲဖယ်လိုက်လေသည်။

စုန့်ချီသည် သူအိပ်ယာမှထလာသည်ကို စောင့်ဆိုင်းနေလိုက်ပြီး မိမိကိုယ်မိမိပါ အပေါ်ဝတ်ရုံဝတ်ဆင်နေရင်း သူ့ကိုစောင့်ကြည့်နေလိုက်သည်။ သူ ရုတ်တရက်ထမေးလိုက်သည်။

" ကျွန်တော် အမှတ်မမှားဘူးဆိုရင် ၊ ခင်ဗျားအခုချိန် ကောင်းကင်ဘုံပညာရပ်သင်ကျောင်းကို သွားရမှာမဟုတ်လား "

သူ့အား ပွေ့ဖက်ဖို့လက်လှမ်းလာသည့် ရုန်ပိုင်၏လက်များက လမ်းတစ်ဝက်မှာတင်ရပ်တန့်သွားလေ၏။ သူက စုန့်ချီအား စူးစိုက်ကာကြည့်လာသည်။

" ကိုယ်ဒီနေ့သွားချင်စိတ်မရှိဘူး "

စုန့်ချီ သူ့အတွေးများကို တစ်ချက်ကြည့်ရုံနှင့်သိလိုက်သည်။

" စိတ်မပူဘဲ သွားသာသွားပါ ၊ ကျွန်တော် ဘယ်မှမသွားတော့ပါဘူး "

ရုန်ပိုင်က မျက်လွှာချသွားပြီး ဘာစကားမှဆိုမလာဘဲ အဝတ်တန်ဆာများကို ဖြည်းညင်းစွာဝတ်ဆင်နေသည်။ ထို့နောက်မှ လေသံဖျော့ဖျော့ဖြင့် တီးတိုးညည်းသည်။

မြေခွေးမိစ္ဆာကျင့်ကြံရေးလမ်းညွှန်Where stories live. Discover now