part (1)

7.8K 317 11
                                    

ရင်တွေခုန်နေမိတယ် ဒီနေ့က ဆေးရုံအသစ်မှာ အလုပ်စဝင်ရမဲ့နေ့..
အရင်ဆေးရုံက အိမ်နဲ့လှမ်းတာရယ် အဖိုးကျန်းမာရေးက သိပ်မကောင်းတာရယ်ကြောင့် အိမ်နဲ့နီးတဲ့ ဆေးရုံကို အလုပ်ပြောင်းလျှောက်ခဲ့တယ်လေ...‌

Nini pov- ဒီနေ့က ပထမဆုံးအလုပ်ဝင်တဲ့နေ့ဆိုတော့ အမှားမဖြစ်အောင်သတိထားပြီး ငါအကောင်းဆုံးလုပ်ရမယ်..ဟုတ်တယ် Jennie Kim.... Fighting!!!

Niniတစ်ယောက်ကိုယ့်ကိုယ်ကိုယ်အားပေးပြီးဆေးရုံဝန်းထဲဝင်လာခဲ့တယ်..လှမ်းမြင်လိုက်ရတာက သိပ်ကိုခမ်းနားလှတဲ့ YG Hospital...
ဒီဆေးရုံက ဆိုးလ်မှာ နာမည်ကြီးတဲ့ ဆေးရုံထဲကတစ်ခုဆိုမှားမယ် မထင်ဘူး...
ခန့်ထားတဲ့ဆရာဝန်တွေကလည်း ဆေးပညာလောကမှာနာမည်ကြီး‌တွေချည်းပဲ....
ကိုယ့်ကိုယ်ကိုယ်အားပေးကာ ဆေးရုံထဲဝင်လာလိုက်တယ်....

ဝုန်းးး💢💢

လူနာတစ်ယောက် သူ့အလှည့်ရောက်ဖို့ ထိုင်စောင့်နေရင်းက လဲကျသွားခြင်းးး

Niniလည်း သူနာပြုတစ်ယောက်မို့ အပြေးလေးသွားမလို့လုပ်ပေမဲ့ အတင်းပြေးဝင်လာသူတစ်ဦးက niniကို ဝင်တိုက်မိသွားသည်...
တိုက်သွားသူက ဂျူတီကုတ်အဖြူလေးနဲ့...
Niniကို တောင်းပန်စကားပြောဖို့ သူအချိန်မရ
Sorryလေးတစ်ခွန်းပြောကာ လူနာဆီပြေးသွားပြန်သည်....

Nini ကြောင်ကြည့်နေမိသည်...သူကတော့ လူနာကို စမ်းသပ်ရင်းး

Lili- " young...လူနာက နှလုံးရပ်သွားတာ ငါ CPR လုပ်ထားမယ် နင်ကလူနာကို emergency roomထဲထည့်ဖို့သွားလုပ်..."

နှလုံးရပ်သွားသည်ဆိုသောလူနာအား သူ CPRဆက်တိုက်လုပ်နေခဲ့သည်..မကြာပါ young ဆိုသော ဆရာဝန်မလေးနဲ့အတူ သူနာပြုဆရာမလေးများက လူနာအားတွန်းစင်ပေါ်တင်ကာ အရေးပေါ်အခန်းဆီ ပြေးသွားသည်...သူကတော့ လူနာတွန်းစင်ပေါ်တက်ရင်း CPRလုပ်ကာလိုက်ပါသွားသည်လေ....

Nini အခုမှအသက်ပြန်ရှုဖို့သတိရသလားဆိုတာတောင် ကိုယ့်ကိုယ်ကိုယ်မပြောတတ်..လူနာအားအစွမ်းကုန်ကူညီသွားသော ဂျူတီကုတ်လေးနှင့် doctorအား လေးစားမိသလို သူ့အကြောင်းအားလည်းသိချင်မိသည်

My ExistenceWhere stories live. Discover now