[Unicode]အပိုင်း (၁)
-အိမ်မှ ထွက်ပြေးခြင်း-
ပြာလွင်ကောင်းကင်အောက် စိမ်းညှို့ညှို့ရှိကာ မှိုင်းအုပ်နေသည့် တောအုပ်ကြီးထဲတွင် အဖြူရောင်အရိပ်ကလေးတစ်ခုက နောက်ကနေကျားလိုက်သလို မောပန်းချိန်ပင် မရနိုင်ဘဲ မရပ်မနား ဆက်တိုက်ဆိုသလို ပြေးလွှားလျက်ရှိသည်။ထိုအရိပ်လေးက ဘယ်သူများလဲ…
ဘယ်အရပ်ဒေသကနေ ထွက်ပြေးလာတာလဲ…
ဘယ်ကိုဦးတည်နေသလဲဆိုတာ…ပြေးနေတဲ့ ကာယကံရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါ။ ဒါက ဒီဘက်ခေတ်အနေအထားအရဆို မင်းတို့ ငါတို့ သိထားပြီးတဲ့ factဆိုတာလေးပေါ့။
ဟောဟဲလိုက်ကာ ပြေးလွှားနေသည့် အရိပ်လေးက တစ်နေရာအရောက်မှာတော့ ဆက်မပြေးနိုင်သေးဘဲ သစ်ပင်ရဲ့ပင်စည်ကို လက်ထောက်ကာ အသက်ကို၀အောင် အငမ်းမရ ရှူလိုက်မိသည်။
"တွေ့အောင် ရှာကြဟေ့!"
ငိုး!
ဒီလောက်ပြေးနေတာတောင် သူတို့က လိုက်လာတုန်းပဲလား!အရိပ်လေးဟာ အခြေအနေမဟန်တော့တာကို ရိပ်မိရုံတင်မဟုတ်ဘဲ အတပ်သိနေပြီမို့ ဆက်နားနေဖို့ မဖြစ်တော့ချေ။
အော် အရေးကြီးတာတစ်ခု မေ့သွားတယ်။
အားလုံးပဲ တွေ့ရတာ ၀မ်းသာပါတယ်။
ငါကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျီမင်းပါ။ Coolဖြစ်တဲ့ ဇာတ်၀င်ခန်းနဲ့ မဖွင့်ပေးနိုင်တာကိုတော့ အပြစ်တင်မစောကြပါနဲ့ဦး။လောလောဆယ် ငါ ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ပြေးရတယ်။ ဒါပေမဲ့ ငါ့ရဲ့အလှအပနဲ့ တောက်ပမှုတွေကတော့ အဓိကဇာတ်ကောင်ဆိုတဲ့အတိုင်း တစ်စက်ကလေးမှ လျော့မသွားခဲ့ပါဘူး။
ပြေးနေတဲ့တလျှောက်လုံး ဒုက္ခပေးနေတဲ့ အဖျက်သမားကတော့ ငါ့ကိုယ်ပေါ်က၀တ်ရုံပဲ။ ဆုတ်ဖြဲပစ်လိုက်ဖို့ကျလည်း လှလှလေးဖြစ်နေတော့ နှမြောပြန်တယ်။ အခု ငါက ထွက်ပြေးလာတာမို့ ဒီလိုသစ်သစ်လွင်လွင် အ၀တ်အစားလေးတွေ နောက်တစ်ခါ ပြန်ရှာလို့မရနိုင်မှာ စိုးရတယ်။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။