အပိုင်း ၁၈
ကယ်ကြပါဦး!
(မကယ်နဲ့ ရတယ်)"ဂျီမင်းပါလား"
ယွန်းဂီသည် ဘာအကြောင်းကြောင့်ရယ်မသိ၊ သူ့အနားကို ရောက်လာသည့် ဂျီမင်းကြောင့် ဘေးဘက်ကို အနည်းငယ်တိုးလိုက်ကာ ထိုင်ဖို့အတွက် နေရာဖယ်ပေးလိုက်သည်။
"မေးစရာလေးရှိလို့"
ယွန်းဂီက ခေါင်းတစ်ချက်ငြိမ့်ပြသည်။
"ဘာလို့ ကျွန်တော့်ကို လိမ်ပြောခဲ့ရတာလဲ"
ရုတ်တရက်မို့ ဘာကိုဆိုလိုချင်တာလဲ နားမလည်လိုက်ပေမဲ့ ဦးနှောက်ပြေးသူမို့ စက္ကန့်ပိုင်းအတွင်း သိလိုက်သည်။ Jeonတို့၏ နယ်နမိတ်ထဲမှာ ဘောလုံးလေးနဲ့အတူ ဂျီမင်းရှိခဲ့စဉ်တုန်းက ယွန်းဂီကို ဆေးမြစ်ရှာသူအဖြစ်နဲ့ တွေ့ဆုံခဲ့ဖူးကြတာမို့ပင်။
"မကောင်းတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ နောက်ပြီး ဆေးမြစ်ရှာတာလည်း အမှန်ပဲလေ"
"အော်"
စကားဝိုင်းလေးက တိတ်ဆိတ်သွားသည်။ ထိုအချိန်တွေကို ပြန်တွေးမိတော့ ဖြူဖြူဖွေးဖွေး ခန္ဓာကိုယ်လေးနဲ့ ရောင်စုံမျက်လုံးဝိုင်းလေးများကို ပိုင်ဆိုင်သည့် ဝံပုလွေပေါက်စလေးကို လွမ်းမိသွားရသည်။
"ဘောလုံးလေး ကောင်းတဲ့နေရာကို ရောက်နေလောက်မှာပါနော်"
လက်ကောက်ဝတ်ပေါ်က ငွေရောင်လက်ကောက်လေးကို ပွတ်သပ်လိုက်ရင်းက ဂျီမင်းက မေးသည်။ ယွန်းဂီသည် မိမိတို့နှင့် မလှမ်းမကမ်းမှာ ရှိနေပုံရသည့် ညီတော်မောင်ရဲ့ အငွေ့အသက်ကို ခံစားလို့ရနေတာမို့ ပတ်ဝန်းကို မသိမသာအကဲခတ်လိုက်တော့ ထင်သည့်အတိုင်း သကောင့်သားကို အပင်တစ်ပင်ပေါ်မှာ တွေ့လိုက်ရသည်။
အစ်ကိုဖြစ်သူက မိမိအား မြင်သွားတာကြောင့် လက်ညှိုးတစ်ချောင်းကို နှုတ်ခမ်းပေါ် ကန့်လန့်ဖြတ်ကာ တင်လိုက်ရင်းက မမြင်ချင်ယောင်ဆောင်ဖို့ အချက်ပြလိုက်သည်။ နေပါဦး ဒီကောင် အခုလိုပဲ ဂျီမင်းနောက်ကို ဘယ်သွားသွား တကောက်ကောက် လိုက်နေတာလား။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။