အပိုင်း (၇)
-ဂျင်းမိကြသူများအကြောင်း-
ပြီးခဲ့တဲ့ အပိုင်းမှာ ငါတို့ရဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Alpha ဂျောင်ဂုက အသွင်ပြောင်းသွားခဲ့ပြီဆိုတော့ စိတ်လှုပ်ရှားခဲ့ရသလို ဒီအပိုင်းမှာရော စိတ်လှုပ်ရှားရဦးမလားဆိုတာ လောင်းကြေးထပ်ကြည့်ကြမလား။
ချောက်ကမ်းပါးအောက်က ဂျီမင်းရှိနေသည့် ဂူလေးဆီ မြန်ဆန်လှသော အရှိန်ဖြင့် တဟုန်ထိုး ပြေးထွက်လာခဲ့သည့် ဂျောင်ဂုတစ်ယောက် တခဏအတွင်းမှာပဲ ဂူရှိရာကို ရောက်သွားခဲ့သည်။
စိတ်ထဲထင်နေသည့်အတိုင်းပင် ဂူထဲကို သူ့ထက်အရင်ရောက်နေနှင့်သည့် ကြီးမားလှသော မြေခွေးတစ်ကောင်ကို တွေ့လိုက်ရသည်။ အဆိုပါမြေခွေးဟာ ပါးစပ်တပြင်ပြင်နှင့် မေ့မျောနေသည့် ဂျီမင်းအား အရောင်တို့ တလက်လက်တောက်နေသည့် မျက်ဝန်းများနှင့် ကြည့်လို့နေသည်။
တမုဟုတ်ချင်းမှာပဲ ဂူအဝမှာ ရောက်လာသည့် ဂျောင်ဂုရဲ့ အငွေ့အသက်ကို သတိထားမိသွားချိန်တွင်တော့ ဂျောင်ဂုရှိရာကို လှည့်လာပြီး ယင်းမှာ အန္တရာယ်ကို ကမ်းလင့်ခေါ်လိုက်သလို ဖြစ်သွားမှန်း သိသွားတော့သည်။
သို့သော်ငြားလည်း ဒီမြေခွေးမျိုးက လက်ဦးထားနှင့်ပြီးသား အစာတစ်ခုကို လွယ်လွယ်နဲ့ လက်လျှော့ရိုးထုံးစံမရှိတာမို့ အလျင်အမြန်ပင် သူ့အတွက် အစာဟုမှတ်ယူထားသည့် ဂျီမင်း၏ အရှေ့တွင် ရပ်ကာ ဂျောင်ဂုအား စိုက်ကြည့်လို့နေခဲ့သည်။
တွေးကြည့်မယ်ဆိုရင် ဂျောင်ဂု-သူက အခုမှ အသွင်ပြောင်းရုံလေးရှိသေးတယ်။ ပြောင်းပြီး ဖင်ပူအောင်တောင် မနေရသေးဘူး။ အပြေးအလွှား ဖြစ်ရတဲ့အပြင် မြေခွေးနဲ့လည်း တိုက်ခိုက်ရဦးမယ်။ ဂဂျိုးဂဂျောင် စာရေးသူက ဒီဇာတ်လမ်းထဲက ဇာတ်ကောင် ဘယ်တစ်ယောက်ကိုမှ ငြိမ်ငြိမ်လေးမနေရအောင် ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နေတော့တာပဲ။
ဒါပေမဲ့လည်း ပူပူနွေးနွေးလေး ရရှိထားတဲ့ အသွင်စစ်ကြောင့် ပျော်နေတာမို့ တိုက်ခိုက်ရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါမှ ဘောလုံးလေးလို့ မင်းတို့သိထားတဲ့ Alpha ဂျောင်ဂုက ဘယ်လောက်မိမိုက်ပြီး ကြွေပြချင်စရာကောင်းလဲဆိုတာ တလက်စတည်း သက်သေပြလို့ ရသွားတာပေါ့။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။