အပိုင်း (၁၁)
-စိတ်မကောင်းပေမဲ့ ခွဲချိန်တန်ပြီ-
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ခြေထောက်ကို လာဆွဲသည့်အရာကြောင့် ဘောလုံးလေးရဲ့ မျက်လုံးတွေ ဖျတ်ခနဲဆိုသလို ပွင့်သွားရသည်။ ထို့နောက် ဂျီမင်းရင်ခွင်ထဲကနေ လွတ်ထွက်သွားပြီး လေထဲတွင် ဇောက်ထိုး၊ တန်းလန်းကလေး ဖြစ်သွားရတော့သည်။
ဘယ်သူရှိဦးမှာလဲ။ သူ့ကို အမြဲတမ်း သံသယဝင်နေတဲ့ ငွေရောင်Omegaရဲ့ သူငယ်ချင်းဆိုသူ ထယ်ယောင်းပဲပေါ့။ အခုလည်း ညသန်းခေါင်ကြီး စစ်စစ်ဆေးဆေးတွေ လုပ်နေပြန်တယ်လေ။
"မင်းက ဘောလုံးလေးမဟုတ်တဲ့ ဘောလုံးကြီးဆိုတာ ငါသိတယ်နော်"
ဘောလုံးလေးသည် ထယ်ယောင်းပြောနေသမျှကို နားမလည်ဟန်ဆောင်ကာ အတင်းရုန်းကန်လိုက်ရင်းက ဂျီမင်းရှိရာကိုပဲ လက်လှမ်းလို့နေသည်။ ပါးစပ်က အသံပြုရန်ကြိုးစားသည့်အခါမှာတော့ ထယ်ယောင်းက ဦးအောင် လက်နဲ့ပိတ်ပစ်လိုက်သည်။ ထိုအခါ တိုးသက်သွားသည့် ဝူးဝူးဝါးဝါးအသံကို ဂျီမင်းက မကြားတော့ဘဲ ကောင်းကောင်းအိပ်ပျော်နေဆဲ။
ပြန်ပေးဆွဲသွားရင်တောင် ဖေကြီးတို့က အိပ်ကောင်းနေတာနဲ့ သိလိုက်ပါ့မလားပဲ။ ပြီးရင် မိုးလင်းမှ ပြူးပြူးပြဲပြဲတွေ လုပ်ပြဦးမယ်။
"ဘယ်မလဲ။ မင်းရဲ့ ပုံစံအမှန်ကို ပြောင်းလိုက်စမ်းပါ"
*ပြောင်းစရာလား*
ထယ်ယောင်းက အသံခပ်အုပ်အုပ်နဲ့ ပြောလာပြီး ၎င်းလက်ထဲက ဘောလုံးလေးကိုလည်း ပြုတ်ထွက်မတတ် ယမ်းခါလို့နေသည်။ ကံမကောင်းပါက တစစီတောင် ဖြစ်သွားနိုင်လောက်သည်အထိ အတင်းကာရောပင် ဘောလုံးလေးကို ဘောလုံးကြီးအဖြစ် ပြောင်းခိုင်းနေသည်။
"ဟိတ်ကောင် မင်းမပြောင်းရင် မင်းကို ကင်စားပစ်မှာနော်"
*မင်းကြီးတော်ပဲကွာ!*
ဆက်ပြီး မရုန်းတော့ဘဲ သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ ဘောလုံးလေးကြောင့် ထယ်ယောင်းတို့ တစ်ချက်တော့ ဖြုံသွားရသည်။ ဒါပေမဲ့လည်း လျှောက်ပြီးသားလမ်း ပြန်မလှည့်ချင်တာမို့ ဒီညကတော့ သူသေကိုယ်သေပဲ။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။