အပိုင်း (၁၂)

7.8K 1.5K 309
                                    

အပိုင်း (၁၂)

-ငါတို့ရဲ့ အဓိကဇာတ်ကောင်လေးငိုနေတယ်-

"သခင်လေး ပြန်ရောက်နေပါပြီ ခေါင်းဆောင်"

"မြန်မြန်ခေါ်ခဲ့"

မျိုးနွယ်စုခေါင်းဆောင်သည် ထိုင်နေရာမှ မတ်တပ်ပင် ထရပ်လိုက်မိသွားသည်။ အချိန်အတော်ကြာ ထွက်‌ပြေးပျောက်ဆုံးနေသည့် တစ်ဦးတည်းသော အမွှေစိန်သားတော်ကို အခု ပြန်ရှာတွေ့ပြီတဲ့လေ။

လှပ်တင်ခံလိုက်ရသော ရွက်ဖျင်တဲစရဲ့ အနောက်တွင် မိမိ၏သားကလေးကို နှစ်လကြာပြီးနောက် အရင်ဆုံးပြန်တွေ့လိုက်ရသည်။

"ဂျီမင်း"

မသာမယာမျက်နှာထားနှင့် သားတော်ဟာ ဖခင်ဖြစ်သူကို ဦးစွာ မမေ့မလျော့ပင် အရိုအသေပေးလိုက်သည်။ ထို့နောက် ဘာမှမပြောလာဘဲ မရွှင်မလန်းမျက်နှာနှင့်အတူ ရပ်လို့နေသည်။ သားဖြစ်သူရဲ့အနောက်မှ ကပ်ပါလာတဲ့ ထယ်ယောင်းကို ကြည့်လိုက်တော့လည်း ခန့်မှန်းကြည့်ရုံနဲ့ အငွေ့အသက်မကောင်း။

"ထိုင်ကြဦး"

အသီးသီး ထိုင်ခုံမှာ နေရာယူကာ ထိုင်ပြီးတာ အတန်ကြာသည့်တိုင်အောင် ဘာစကားမှ မပြောဖြစ်ကြ။ ဂျီမင်းက မျက်နှာကို ငုံ့ထားပြီး တိတ်ဆိတ်လို့နေသည်။ ခါတိုင်း ရေပက်မဝင်အောင် စကားပြောတတ်သည့် သာလိကာလေးက ပြန်ရောက်လာသည့်အချိန်တွင် တိတ်ဆိတ်သည့်ပုံစံကို ကူးပြောင်းသွားတာမို့ ဖခင်ဖြစ်သူက အခြေအနေကို တိတ်တဆိတ် အကဲခတ်လို့နေသည်။ ဒီကောင်လေး အဖေ့အပေါ်မှာ စိတ်များ တအားနာသွားလေသလား။

"ဘာမှမပြောတော့ဘူးလား"

စကားစပေးလိုက်တော့ မျက်နှာက မော့မလာဘဲ မျက်လုံးလေးကို အရင်လှန်ကာ ဖခင်ဖြစ်သူကို ကြည့်လာသည်။

"တောင်းပန်ပါတယ်"

မဟုတ်သေးပါဘူး။ ဒီကောင်လေးက ဒီနှစ်လအတွင်း ဘယ်လိုလုပ်ပြီး ပုံစံပြောင်းသွားရတာလဲ။

A for AlphaWhere stories live. Discover now