အပိုင်း (၂၅)
-ငရုတ်သီးလေး-
သူတို့ လက်ထပ်ခဲ့ကြတယ်။
Jeon တွေရဲ့ ဒိတ်ဒိတ်ကြဲ Alpha နဲ့ သွေးနှောခေါင်းဆောင် Omega စုံတွဲရဲ့ လက်ထပ်ခြင်းအခမ်းအနားက နယ်စပ်တွေကိုပါ ကျော်လွန်ပြီး ကောင်းခြင်းများစွာနဲ့အတူ ဆုမွန်ကောင်းတွေကိုပါ လက်ခံရရှိခဲ့လေရဲ့။
ထိုသူတို့ရဲ့ အသွေးအသားဖြစ်တဲ့ ငရုတ်သီးသေးသေးလေးဟာလည်း မပါမဖြစ်ပေါ့။ မွေးဖွားမလာသေးသည်တိုင်အောင် အမျိုးမျိုးသော မှတ်ချက်တွေကြားမှာ ငရုတ်သီးလေးက တစ်ချိန်မှာ ဩဇာအာဏာနဲ့ ပြည့်ဝတဲ့ ဆက်ခံသူတစ်ယောက် သေချာပေါက်ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပြီးပြီ။
ဒိတ်ဒိတ်ကြဲ သမန်းဝံပုလွေမျိုးနွယ်နှစ်စု ပေါင်းစပ်ခြင်းမို့ အရာရာမှာ Alpha Jeonရဲ့ ဦးဆောင်မှုတို့က အင်အားသာလာခဲ့သလို ပလ္လင်အရိုက်အရာကိုလည်း ဆက်ခံခဲ့ပြီးဖြစ်တော့သည်။ ထို့ကြောင့် ယခုအခါတွင် ဆက်ခံသူ Jeon မှ ခေါင်းဆောင် Jeon အဖြစ်သို့ ပြောင်းလဲရောက်ရှိခဲ့ပြီးဖြစ်သည်။
လတ်တလောတွင်တော့ နယ်နမိတ်ရေးရာ အဖြာဖြာတို့အတွက် ဆွေးနွေးညွှန်ကြားနေရသည်မို့ ခန်းမထဲမှာ နေရာအလိုက် မျိုးနွယ်အသီးသီးမှ အရေးပါသူများ စုဝေးရောက်ရှိနေကြသည်။ Alpha Jeon ရဲ့ ဘေးမှာ ထိုင်နေသူဟာလည်း ထိုကိစ္စများကို လိုက်မမှီသည့်တိုင် နားလည်အောင် ကြိုးစားနေတာ သိသာလှသည်။
ငါးစက္ကန့်တစ်ခါလောက် နံဘေးက Omegaဆီ အကြည့်ရောက်သွားတတ်သည့် Alpha Jeon ကို အကုန်လုံးက ရိပ်မိပေမဲ့လည်း ကြိတ်ပြုံးရုံကလွဲပြီး အနှောင့်အယှက်တော့ မဖြစ်ခဲ့ကြ။ အပြင်မှာ ကြားဖူးနေတဲ့၊ ပျံ့နေတဲ့ သတင်းတွေအတိုင်း ဒီ Omegaက Alpha Jeon ရဲ့ သည်းသည်းလှုပ်လေးဆိုတာ ဘယ်သူကမှ ငြင်းနိုင်မယ်မထင်။
“လက်ဖက်ရည်လေး သုံးဆောင်လိုက်ကြပါဦး”
အပြုံးချိုချိုတို့နှင့် မိန်းမလှတစ်ဦးက ငွေလင်ဗန်းတွေ ကိုယ်စီကိုင်ထားသည့် အခြွေအရံတို့နဲ့အတူ ခန်းမထဲသို့ ကျော့ကျော့မော့မော့ပင် ဝင်ရောက်လာသည်။ ထိုမိန်းမလှလေးသည်ကား အကုန်လုံးသိထားကြသည့် ယဉ်းမိန်းကလေးပင်တည်း။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။