အပိုင်း (၁၅)
-Alphaကို အောင်သွယ်ပေးခြင်း-
စတွေ့ပါပြီဆိုကတည်းက မျက်နှာပန်းမလှခဲ့သော Alphaဂျောင်ဂုသည် ဂျီမင်းဆီမှ အမှတ်ကောင်းကောင်း အပေးမခံရသည့်အပြင် လောလောဆယ်တွင်တော့ အနုတ်လက္ခဏာကိုပါ ပြောင်းလဲသွားခဲ့သည်။
"သူက ဘာကိစ္စ ငါ့ကိုပဲ ကြည့်နေတာလဲ"
ဂျီမင်းသည် မိမိနှင့် မျက်စောင်းထိုးတွင် ရှိနေသည့် Jeonမျိုးနွယ်စု၏ ဆက်ခံသူဆိုသူအား တစ်ချက်ကြည့်ကာ နှုတ်ခမ်းတွေပင် မဲ့ကျမတတ် ဖြစ်သွားရသည်။
မိမိတို့ စတည်းချရာ စခန်းကို စရောက်ပါပြီဆိုကတည်းက ထိုAlpha၏ မျက်လုံးနှစ်လုံးသည် သူသွားလေရာနောက်ကို ထပ်ချပ်မကွာ လိုက်ပါနေသည်မို့။ ဘယ်လိုပဲ မသိသာအောင် ခိုးကြည့်သည်ပဲ ဆိုစေကာမူ ဂျီမင်းအတွက် ဒီလောက်ကတော့ မရိပ်မိစရာ အကြောင်းမရှိပါ။
"ကျဉ်းကျပ်လိုက်တာ တကယ်ပါပဲ"
လေပူတွေကို မှုတ်ထုတ်လိုက်ရင်းက အင်္ကျီစဖြင့် ယပ်တောင်လုပ်ကာ တဖျတ်ဖျတ် ခတ်ပစ်လိုက်သည်။ ခဏနေတော့ ညစာအတွက် စားစရာယူလာသည့် ထယ်ယောင်းက သူတို့အနားကို ရောက်လာသည်။
"ကြည့်ရတာ ညစာတောင် မလိုတော့ဘူးထင်တယ်"
ထယ်ယောင်းက သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ သွားထိုင်နေသည့် ဂျီမင်းကို ကြည့်ရင်းက စနောက်သလို ပြောလိုက်သည်။ ဂျီမင်းကို တစိမ့်စိမ့်ထိုင်ကြည့်နေရရုံနဲ့တင် အာဟာရသိဒ္ဓိ ပြည့်ဝနေပြီဆိုတဲ့သဘော။
ထယ်ယောင်းဆီက အသံကိုကြားမှ ဂျောင်ဂုသည် အသိပြန်ဝင်လာကာ ငွေရောင်ပုံရိပ်အား ငေးမေးကြည့်နေမိရာမှ မျက်နှာလွှဲသွားသည်။ သို့သော် မိမိအား မကျေမနပ် စိုက်ကြည့်တတ်သည့် မျက်စောင်းများနှင့် လူတစ်ယောက်ရဲ့ ပုံရိပ်ကတော့ အမြင်အာရုံထဲရော၊ စိတ်အာရုံထဲကပါ ပျောက်ကွယ်မသွား။
"ဘယ်လောက်လောက် ကြာနိုင်လဲ"
"ဘာကိုလဲ"
အဆက်အစပ်မရှိ ထမေးလာသည့် ဂျောင်ကုထံမှ စကားကို ထယ်ယောင်းက မျက်မှောင်ကြုတ်လျက် ပြန်မေးခွန်းထုတ်သည်။ ထိုအခါ ဂျောင်ဂုရဲ့ မျက်လုံးတွေက ငွေရောင်ဆံနွယ်များပိုင်ရှင် ရှိရာထံကို နောက်တစ်ကြိမ် ကူးလူးသွားခဲ့သည်။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။