အပိုင်း (၁၇)

7.5K 1.2K 257
                                    

အပိုင်း (၁၇)

-အေး အဲ့မှာ စလွဲပြီ-

ရှူး~

တစ်ဖက်ခြမ်းမှာ ရှိနေသည့် ဂျောင်ဂုက နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းတင်ကာ အမူအရာဖြင့် သတိပေးလာသည့်အခါ တစ်ဖက်တွင် ရှိနေသည့် ဂျီမင်းနှင့် ထယ်ယောင်းက ခေါင်းအသာငြိမ့်ပြသည်။

လရောင်တစွန်းတစအောက်တွင် ပုန်းခိုနေသူ အရိပ်တစ်စုဟာ ၎င်းတို့မျက်စိရှေ့တွင် ရှိနေသည့် သွေးနှောများ စတည်းချရာ စခန်းကို မျက်ခြေမပြတ် စောင့်ကြည့်ကာ အချက်ပြလာမည့် အချိန်ကို စောင့်ဆိုင်းလို့နေကြသည်။

အခုချိန်ထိ မိမိတို့စခန်းတစ်ခုလုံးကို ပတ်ပတ်လည်ကနေ အဝိုင်းခံနေရတာကို မသိကြသေးသည့် သွေးနှောများကတော့ နယ်မြေချဲ့ထွင်နိုင်ပြီဟု မှတ်ယူကာ အဖက်ဖက်က ပေါ့လျော့စွာပင် ပျော်ရွှင်သောက်စားလို့နေကြသည်။

"တိုက်!"

ယွန်းဂီဟျောင်းဆီမှ ဟစ်ကြွေးလိုက်သည့် အသံထွက်လာသည်နှင့်တပြိုင်နက် ဂျောင်ဂုအပါအဝင် ပုန်းခိုနေကြသည့် လူအကုန်လုံးသည် အရိပ်တွေကြားမှ အသီးသီး ခုန်ထွက်လာကြသည်။

စောနကအထိ ပျော်ရွှင်မြူးထူးသံများဖြင့် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ဟာ တခဏချင်းမှာပဲ ဓားချင်းခတ်သံ၊ Inner wolvesတို့၏ မာန်ဖီသံများနှင့် ပြည့်နှက်သွားရသည်။ သွေးညှီနံ့တို့ကလည်း ဝန်းကျင်တစ်ခွင်လုံး လှိုင်လှိုင်ထလို့နေတော့သည်။

"သတိထား!"

ဂျီမင်းရဲ့ အနောက်ကနေ ဝင်လာသည့် သွေးနှောတစ်ယောက်ကို ဂျောင်ဂုက အလျင်အမြန်ပင် ခြေဖြင့် ကန်ထုတ်လိုက်သည်။ မလိမ်မညာ၊ အမှန်တိုင်းပြောရရင် တိုက်ခိုက်တဲ့နေရာမှာ Alpha ဂျောင်ဂုက အတော်မိုက်တယ်။

အင်အားကြီး သွေးနှောတစ်ကောင်လောက်တော့ တစ်ချက်တည်းနဲ့ အလဲထိုးနိုင်တဲ့အထိ ကြားထားရတဲ့ သတင်းတွေအတိုင်း Alpha ဂျောင်ဂု ပီသလွန်းပါသည်။ ဂျီမင်းသည် လက်ခုပ်သုံးချက်လောက်တီးကာ ဂျောင်ဂုကို ချီးကျူးလိုက်သည်။

A for AlphaWhere stories live. Discover now