အပိုင်း (၆)
-အသွင်အစစ် ပြောင်းလဲခြင်း-
Jeonတို့၏ နယ်စပ်ဒေသတွင် ဖြစ်သည်။
သွေးနှောတွေဟာ ၎င်းတို့၏ အင်အားကြီးမားမှုကို ပြသဖို့နှင့် နယ်မြေတိုးချဲ့ဖို့အတွက် သီးသန့်မျိုးနွယ်စုတွေကို တိုက်ခိုက်ရင်း သိမ်းပိုက်ဖို့ ကြိုးပမ်းလာခဲ့သည်။
ယခုတစ်ခေါက်တွင် ယင်းတို့ဘက်မှ ပစ်မှတ်ထားလာသည်က Jeonတွေ ဖြစ်လာသည်။ Jeonမျိုးနွယ်စုသည် တခြားသော သီးသန့်မျိုးနွယ်စုတွေထဲအနက် အင်အားအကြီးမားဆုံးဖြစ်ကာ Alphaများကို အများဆုံးမွေးထုတ်တတ်သည့် အနွယ်အစုလည်းဖြစ်သည်။
သွေးနှောတို့က ယခုမှ ရုတ်တရက်ကြီး Jeonတွေကို တိုက်ခိုက်ချင်ရခြင်းတော့မဟုတ်။ ယင်းတို့သည် ကနဦးကတည်းက တိတ်တဆိတ် အင်အားစုဆောင်းထားရင်း Jeonတို့၏ အလစ်အငိုက်ကို စောင့်ကာ တိုက်ခိုက်ဖို့အတွက် ဓားအမြဲသွေးနေခဲ့သည်။
ဤတိုက်ပွဲတွင် သွေးနှောတို့ဘက်မှ Jeonတို့ကိုသာ သိမ်းပိုက်အောင်မြင်နိုင်ခဲ့မည်ဆိုပါက ယင်းတို့က အင်အားအကြီးဆုံးနှင့် မည်သည့်မျိုးနွယ်စုကမှ ပြန်လည်အာ,မခံနိုင်သည့် အနေအထားတစ်ခုကို ရောက်ရှိသွားမည်ဖြစ်သည်။
သို့သော် အရင်းအနှီးကား ကြီး၏။ အဘယ်ကြောင့်ဆိုသော် Jeonမျိုးနွယ်စုသည် သာမန်မျိုးနွယ်စု ပမွှားလေး မဟုတ်သည့်အပြင် အင်အားကြီး Alphaအများဆုံး အဖွဲ့အစည်းလည်း ဖြစ်နေခဲ့တာကြောင့်ပင်။
ထို့အတွက် သွေးနှောတို့ဘက်က အကောင်းဆုံးဖြစ်မည့် တိုက်ခိုက်ရေး အစီအစဉ်များနှင့် လူအင်အားများစွာကို အလုံးအရင်းနှင့် အသုံးပြုခဲ့သည်။ လက်ရှိတွင်တော့ တိုက်ပွဲဖြစ်ပွားရာ Jeonတို့၏ နယ်စပ်ဒေသတစ်လျှောက်တွင် သွေးချောင်းစီးကာ ဓား ဓားချင်းထပ်လို့နေခဲ့သည်။
ဤနေရာတွင် မေးခွန်းတစ်ခု ထုတ်လို့ရသည်။ သမန်းဝံပုလွေတို့က လူ့အသွင်မှ ဝံပုလွေ၊ ဝံပုလွေအသွင်မှ လူအဖြစ် ပြောင်းလဲနိုင်သည့် စွမ်းအားရှိတယ်ဆိုရင် သွေးနှောတွေကရော ဘယ်လိုစွမ်းအားမျိုး ပိုင်ဆိုင်ထားသလဲဆိုတဲ့ မေးခွန်းပါပဲ။
YOU ARE READING
A for Alpha
Fanfictionတစ်ခါတုန်းက အောင်သွယ်တော်နဲ့ညားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။