အပိုင်း ( ၈ )

484 79 10
                                    

[ Zawgyi ]

ကောင်းကင်ပေါ်ကိုတစ်လှိမ့်လှိမ့်တတ်လာနေတဲ့ မီးခိုးတွေကြောင့် လက်ထဲမှာ ချောင်းထဲကဖမ်းလာတဲ့ငါးလေးနှစ်ကောင်ကိုကိုင်ထားတဲ့ ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ထိုနေရာသို့ အပြေးသွားကြည့်တယ် ။ ထိုမီးခိုးလုံးတွေလာရာ အရပ်မှာ ထိုကလေးရဲ့အိမ်ရှိနေတာကြောင့်ဖြစ်တယ် ။

ကလေးလေးဟာ ငါးလေးနှစ်ကောင်ကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး အသည်းအသန်ပြေးတယ် ။ နေရာကိုရောက်တော့ လက်ထဲက ငါးလေးနှစ်ကောင်ဟာလွတ်ကျသွားတယ် ။ ထိုကလေးလေးတို့နေတဲ့ အိမ်လေးသည်မီးလောင်ပျက်စီးနေတာဖြစ်ပြီး ထိုကလေးရဲ့ အဖေနဲ့အမေ အလောင်းနှစ်ခုသည် မီးလောင်နေတဲ့အိမ်ရှေ့မှာ ပုံပျက်ပန်းပျက်ရှိလို့နေသည်။ ပြေးသွားပြီး အော်ငိုချင်ပေမယ့် သာမာန်ထက် လိမ်မာပါးနပ်တဲ့ကလေးဖြစ်တာကြောင့် သစ်ပင်နောက်မှာကွယ်ပြီးတော့သာ ရပ်ကြည့်နေမိတယ် ။

ထိုအချိန်မှာပဲ နန်းတွင်းအဆင့်မြင့်ဝတ်စုံနဲ့လူတစ်ယောက်ဟာ မြင်းပေါ်ကဆင်းလာတယ် ။ ထိုကလေးက ထိုလူကို သိပါတယ် ။ ထိုလူက .. ကျင်းနိုင်ငံရဲ့စစ်သူကြီး ဝမ်လျိုချင်းပဲဖြစ်တယ် ။

"အရှင်မင်းကြီးရဲ့အမိန့်တော်အရ သစ္စာဖောက်အမတ်ကြီးကျန်းနှင့်မိသားစုအားသေဒါဏ်ပေးရန်လိုအပ်တယ် သူတို့ရဲ့သားရော"

ထိုစကားကြောင့် ကလေးလေးက အနည်းငယ်တော့တုန်လှုပ်သွားတယ် ။

"ကလေးကို မတွေ့ကြောင်းပါ"

"လိုက်ရှာကြ "

"ဟုတ်ကဲ့ပါ"

ရက်စက်ကြမ်းကြုတ်လှတဲ့လူတွေဟာ ၁၀နှစ်အရွယ်ကလေးတစ်ယောက်ကိုတောင် အလွတ်ပေးမှာမဟုတ်တာကိုသိနားလည်နေတဲ့ ကလေးဟာ ပြေးဖို့အတွက် ပြင်လိုက်ပါတယ် ။ ကံမကောင်းချင်တော့ ကလေးလေးပြေးသွားတာကို ရဲမတ်တစ်ယောက်ကတွေ့လိုက်တာကြောင့် .. အုပ်စုလိုက်ကလေးအနောက်ကိုပြေးလိုက်ပါတော့တယ် ။

ကလေးလေးဟာ တောထဲကိုဝင်လို့ခြေကုန်ပြေးတယ် ။ အနောက်ကအဆက်မပြတ်လိုက်နေတဲ့လူအုပ်ကြီးကို ကြောက်ရွံ့တာကြောင့်ပေါ့ ။ ကလေးဟာ အကြာကြီးတော့တောင့်ခံမထားနိုင်ပါဘူး ။ မကြာခင်မှာပဲ သစ်ကိုင်းလေးနဲ့ခလုတ်တိုက်ချော်လဲသွားတယ် ။ လူအုပ်ကြီးဟာ ကလေးလေးကိုဝိုင်းလိုက်တယ် ။ ကလေးလေးဟာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံးတုန်ယင်လို့နေတယ် ။ ရဲမတ်တစ်ယောက်ဟာကလေးဆီကိုလျှောက်လာတဲ့အချိန်မှာပဲ ထိုရဲမက်ရဲ့ ခြေထောက်သည် ပြုတ်ထွက်လုနီးပါး ဖြစ်သွားတယ်။ ထိုအချင်းမရာသည် ဓားမြောင်တစ်ချောင်းကြောင့်ပင်ဖြစ်တယ် ။

Start To Finish [ Complete ]Hikayelerin yaşadığı yer. Şimdi keşfedin