Ep-9

598 62 16
                                    

Unicode

နမ်ဂျွန်း ပေးသည့် လိပ်စာ အတိုင်း သူရှိသည်ဟူသော နေရာသို ့ လိုက်လာမိသည်။
အိမ်မှ စထွက်လာတုန်းကတော့ သူနှင့် စကားပြောနိုင်ဖို ့ရန် အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို အားတင်းလာခဲ့ရသည်။
တကယ်လည်း သူ့ကုမ္ပဏီရှေ ့ရောက်ရော လူက နောက်ပြန်လှည့်ကာ ထွက်ပြေးချင်လာသည်။

သူနှင့်တွေ ့ရင် ဘယ်လို စတင် နှုတ်ဆက်ရမည် လဲ ဟူသော အမေးကိုပင် ၁၆ခေါက်လောက် မှန်ထဲတွင် လေ့ကငြျ့လာခဲ့ ရသည်ကိုလည်း အလကားမဖြစ်ချင်။ ထူးထူးဆန်းဆန်း ကြိုးစားကာ ဝတ်လာရသည့် အစိမ်းနုရောင် hoodieလေးကိုလည်း အားနာ ရသည်။ နဂိုကတည်းက ပြုံးခြင်း၊ ရယ်ခြင်း ရှားပါးသည့် ကျွန်တော်က အလှဆုံးပြုံးပြဖို ့ဆုံးဖြတ်ခဲ် ရသည်ကိုလည်း လုံးဝ လုံးဝ အလဟသတ်ဖြစ်လို ့မရ။

ကြောက်နေသော စိတ်ကို အားတင်းကာ စုံလည် မှန်တံခါးကို ဆွဲဖွင့် လိုက်သည်။
တဖိတ်ဖိတ်တောက်နေသော အပြင်အဆင် နှင့် အဆောက်အဦးထဲတွင် အရောင်စုံဝတ်ဆင်ထားသော လူအများကြီးကို တွေ့တော့ ခြေလှမ်းများက တုန့်ကနဲ။

သူ့အလုပ်နှင့်သူ ဟိုပြေးဒီပြေး ရှုပ်နေကြသော လူအုပ်စု လိုက်ကြီး၏ ကျယ်လောင် သော စကားသံ များကလည်း နားထဲ အတင်းတိုးဝင်နေသည်။ နှဖူးစပ်တွင် ချွေးစေးများ စို ့စပြုလာကာ ခေါင်းလည်းအနည်းငယ်မူးချင်လာသလို။

"". ..အားတင်းထား Yoongi... မင်းကျောင်းမှာတောင် လုပ်နိုင်သေးတာဘဲ....'''

ကိုယ့်ကိုယ်ကို တိုးတိုးတိတ်တိတ်အားပေးရပြန်သည်။

"". ..ကျောင်းမှာက ကျောင်းတက်မှ ဝင်တာလေ...အခုက..'''

တဖန် ကိုယ့်ရဲ့ ကြောက်စိတ်ကလည်း လွန်ဆွဲသည့် အတွေးကို ခေါ်လာပြန်။ လေးကန်လာသည့် ခြေလှမ်းတို ့ကို ရှေ ့ဆက်လှမ်းဖို ့ရာ အတွက် ခက်ခဲနေ၏။

"" ..မဟုတ်ဘူး မင်းကြောက်နေလို ့မရဘူး...အထဲမှာ မင်းအကြာကြီး တွေ ့ချင်နေတဲ့လူ ရှိနေတယ်...@'''

ထိုအတွေးလေးကတော့ လူကို ပြုံးစေ၏။ ဟုတ်သည် အချိန်အကြာကြီး ပန်းချီ ကားထဲတွင် သော့ပိတိသိမ်းထားမိသည့် နှလုံးသားက ဤနေရာတွင်ရှိနေသည်။ အချိန်အကြာကြီး လွမ်းလွန်းလို ့ငိုယိုနေရသည်အထိ ချစ်ရသည့် လူသားက ဤနေရာ၏ ပိုင်ရှင်။ အမြဲပြုံးနေတတ်သည့် မျက်ဝန်းလေးများကို မြင်ယောင်ကြည့်တော့
ကြောက်စိတ်တို ့က လုံးဝ လွင့်စင်ထွက်ကုန်၏။ လှုပ်မရသော ခြေထောက်သည် ဘယ်ကပေးသည့် အင်အားနှင့်မှန်းမသိ သူ့အလိုလို ရှေ ့ဆက်လှမ်းလာသည်။ နှဖူးစက် တွင် စီးကျနေသော ချွေးတို ့ကလည်း နောက်ထပ် ထွက်ခြင်းမရှိတော့။ တုန်နေသော ရင်ဘတ်သည် လည်း ငြိမ်သက်လာ၏။

My Strange ADDICTIONWhere stories live. Discover now