Ep. 5

728 86 20
                                    


Unicode

မနက်ခင်း အေးစိမ့်စိမ့် ခံစား ချက် ကြောင့် အိပ်ယာမှ မထ ချင်ပေမယ့်လူးလဲ ထလာရသည်
အဖြူရောင် လိုက်ကာ လေးတွေကို.ဖွင့်ပြီး မှန်နံရံ များ နောက် မှ ပုံရိပ်လေးကို ကြည့်ရဦးမည်

အချိန်အားဖြင့် မစောတော့သော်လည်း အခန်းတွင်းတွင်တောင် အေးစိမ့်နေသည်မို ့
အပြင်ဘက်က ရာသီဥတုအခြေအနေကတော့ ပြောစရာပင် မလို

နှင်းဖွဲဖွဲ ကျနေသည့် ရာသီဥတုမို ့ဟိုဘက်ခြံက နှင်းဆီခင်းထဲရှိထိုလူသား ရေမလောင်းတော့မှာ သိရက်နဲ့ မြင်ဖူးနေကျ ပန်းချီကားလေးကို တမ်းတနေမိသည်

တာဝန်မပျက် ထို လူသား နှင့် လိုက်ဖက်သော နှင်းဆီ များက
လှပနေသေးပေမယ့်
ထိုလူသား မပါသော ပန်းချီကားသည် ပြည့်စုံခြင်းမရှိ
သည်ကို ခါးခါးသီးသီး လက်ခံနေရသည်

လူတွေနဲ့ မပက်သက်ချင်ပေမယ့် ချွင်းချက်ဖြစ်လာမည့် အရိပ်ယောင်ပေါ်နေသည့် ထိုလူသား ကို မိန်းမောစွာတောင့်တနေမိသည်

ဒီနေ့ရဲ့မနက်ခင်းဟာပြည့်စုံခြင်းမရှိပေ

မမြင်ရသည်တော့မဟုတ်ဘဲ
ထိုလူသားကို ကျောင်းသွားကျောင်းပြန် လုပ်နေသည်ကိုတော့ နေ့တိုင်း တွေ ့ရသည်

ထိုလူသားရှာခဲ့တဲ့ ပြသနာကြောင့် ကိုယ်ကတော့ ကျောင်းပြောင်းရသည်
သူကတော့ ပုံမှန်လည်ပတ်နေဆဲ
မတရားဘူး လူတွေက
အဲ့ဒါကြောင့်မို ့လူတွေနဲ့ မပက်သက်ချင်တာ

.
.
.

ဒီနေ့တော့ ပြောင်းရမည့် ကျောင်းသို ့သွားရမည်

Jeoung hoonဆိုသူနှင့်ရင်မဆိုင်ရဲ၍ အခန်းတွင်းတွင်သာ အောင်းနေခဲ့သည်က တစ်ပတ်ရှိနေချေပြီ

ကျောင်းပြောင်း ရင် Jeoung hoonဆိုသူ က လိုက်နှောက်ယှက်နေမလား

ဒါမှမဟုတ် အရှက်ခွဲ လေမလား

ဒီလို အခြေအနေဖြစ်လာရင် ရင်မဆိုင်ရဲသည့်ကိုယ့်အခြေအနေကိုယ်သိနေပေမယ့်

Jung ho seokဆိုတဲ့ လူဆိူးကောင် ကြောင့် ကျောင်းကမပြောင်းမဖြစ်

မပြောင်းပါက ကိုယ့်ကို ကာကွယ်ခဲ့သည့် လူဆိုးကောင် ကိုအချုပ်ထဲ ထည့်မည်တဲ့

My Strange ADDICTIONWhere stories live. Discover now