Ep 1(U+Z)

2.8K 144 22
                                    

Unicode

အိမ်ပြောင်းရသည့်အခါတိုင်း စိတ်ပျက်ပင်ပန်းခြင်း အမှုကို
ခံစားရပေမယ့်လည်း အမြဲတစေအိမ်မပြောင်းဘဲ တစ်နေရာတည်းနေ၍ ရသည့်ဘဝမဟုတ်
အပေါင်းအသင်းမရှိစေရန်ရည်ရွယ်၍ လူတွေနှင့်အဝေးမှာသာ နေချင်မိပြီးတွယ်တာရတာကိုစက်စုတ်မုန်းတီးရသည်

လူကြောက်တတ်တဲ့ရောဂါ ဖြစ်နေခြင်းမဟုတ်ပေမယ့် လူတွေနဲ့ဆက်ဆံရတာကိုမနှစ်သက်သည်သာ

ကားလေးတစ်စီးချိုးကွေ ့ဝင်လာသည်က ခမ်းနားထည်ဝါသည့်
အိမ်ကျယ်ကြီး တစ်အိမ်အတွင်း
အိမ်ရှေ ့တွင် သစ်ပင်အကြီးကြီးတစ်ပင်သာ ရှိပြီးခြောက်ကပ်လွန်းလှပေမယ့်
အိမ်ကြီးမှာတော့ လူစီကားစွာ ဝင်လာမည့်ကားကိုစောင့်ကြိုနေကြသည်
လူတွေနှင့်ပေါင်းသင်းဆက်ဆံရတာမကြိုက်ပေမယ့် အိမ်မှုကိစ္စ မလုပ်တတ်သည်က တစ်ကြောင်း အိမ်ကြီးရှင်က စောင့်ကျပ်ခိုင်း၍ တစ်ကြောင်း အိမ်အကူများကိုတော့ ထားထားရသည်
လူတွေကိုသံယောဇဥ်မဖြစ်ချင်သူမို ့အိမ်အကူတစ်ယောက်အလုပ်ချိန်သည် သုံးလ အများဆုံးဖြစ်သည်

တစ်ယောက်စီးsuper ပြိုင်ကား လေးတစ်စီးပေါ်မှ အေးဆေးတည်ငြိမ်စွာ
ဆင်းကာ အိမ်ထဲဝင် လာသည့်သူ ့ကို အိမ်မှအလုပ်သမားများက ခေါင်းငုံ ့အရိုအသေပေးနေကြသည်
အမှန်တကယ်ဆို အဲ့ဒီလိုအပြုအမူတွေမကြိုက်ပေ
ဒါပေမယ့်လွန်ဆန်လို ့ကလည်းမရ
အိမ်ပိုင်ရှင်က စည်းကမ်းတင်းကြပ်လွန်း သူမို ့စကားမ များချင်တာဆိုပိုမှန်မည်

ကားမောင်းလာသည်ဆိုပေမယ့် ကားလိုင်စင်ရှိသည်မဟုတ် အရေးလား လိုင်စင်ရှိရှိမရှိရှိ ဖမ်းမည့် ရဲမရှိပေ
ငွေပေးလိုက်ရင် နောက်ဆယ်ဘဝအထိတောင် မောင်းခွင့်ပေးနိုင်သည့်ပုံ

ဟုတ်တယ် ငွေ ကအရေးကြီးတယ်
ငှေတှေ ဂုဏ်တွေကြောင့်ဘဲ
ဒီအိမ်ပိုင်ရှင်ကြီး အဖေတော်သူက ကိုယ့်ကိုစိတ်ရောဂါ ဝေတနာ သည်လိုသတ်မှတ်ထားပြီး
လူရှေ ့သူရှေ ့ထုတ်မပြ ရဲ
ဘာအရေးလည်း မိဘမရှိလည်း ငွေရှိတာဘဲ

စိတ်ရောဂါရှိလား မရှိပါဘူး လူများတဲ့နေရာသွားရင် မူးလဲတတ်တာလေးဘဲ
ပစ္စည်းတစ်ခုခုကိုကြိုက်ရင်လည်း ရအောင် ယူတတ်တာလေး ဘဲ
ဒီပြိုင်ကား တုန်းကလိုပေါ့ ငွေသုံးဆပေးပြီး လုဝယ်ခဲ့တာ

My Strange ADDICTIONWhere stories live. Discover now