Ep 3(U+Z)

760 84 18
                                        

Unicode

". ..hoseok shii. ...''

အတန်းတက် မလို ့နောက်ကလှမ်းခေါ်တဲ့ အသံချိုချိုလေးကြောင့် ခြေလှမ်းတို ့ရပ်တန့်ပေးကာ

". .Nae. .ကျနော်နဲ့ ခင်ချင်လို ့လား..''

". .ဟီး..hoseok shii ကလည်းတည့်ကြီး..''

"..မဟုတ်ရင်သွားတော့မယ်..''

". .ဟုတ်..ဟုတ်ပါတယ်..ဟိုလေ.. ဟို..တွဲ..''

". .တီ..တီ..''

ကောင်မလေးနဲ့စကားကောင်းနေတာကို ဘယ်က ကားက ဟွန်းလာတီးရတာလည်း

ဒီနေ့တော့ စကားပြောမယ့် တစ်ယောက်လောက်ရမယ် ထင်ထားတာ အနှောက်အယှက်တွေ

အဖြူကောင်ဘဲ

ပြိုင်ကား အနက်လေးထဲကနေ ကျော့ကျော့လေးဆင်းလာပြီး ကျောပိုးလွယ် အိတ်ကို တစောင်း လွယ်လိုက်ပုံ က
ရုပ်ရှင် ရိုက်နေသလို
မျက်နှာဖြူဖြူဖွေးဖွေး လေးက ဆံပင် ဖြူဖြူလေးတွေနဲ့
လိုက်ဖက်စွာ
အေးတိအေးစက် မျက်နှာဘေးက တည်ငြိမ်ချောမော လွန်း
ဒီကျောင်းဝတ်စုံက သူဝတ်မှ
model မင်းသား အလား လိုက်ဖက်နေသလို

". .hoseok. shii. .hoseok shii. .''

". .ဟမ်... ဟမ်..''

". .ခေါ်နေတာကြာပြီ ဘာဖြစ်သွားတာလည်းဟင်...''

". .အော ခုဏ တွဲမယ်ပြောမလို ့မလား...ဒီနေ့ first day ပေါ့ ခုတော့သွားလိုက်အုန်းမယ်..''

ကိုယ့်ကို ချစ်နေတဲ့သူ အသစ်စက်စက်လေးကိုထားခဲ့ပြီး ဟိုကောင်နဲ့စာရှင့းရှင်းမယ်
ငါ့feelingကို ဖျက်တဲ့ကိစ္စ မကျေနပ်ဖူး
ငါ့ကိုနှောက်ယှက်တဲ့ ကောင် ကို နဲနဲတော့ ပညာပေးရမယ်လေ
အဖြူကောင်နောက်ကို ပြေးလိုက်ကာ လွယ်အိတ် လှမ်းဆွဲ
လိုက်သည်
ပြန်ကြည့်လာတဲ့ပုံ က မနေ့ကစတွေ ့တုန်းကလို အေးစက်စက်
တခါမှ မသိတဲ့လူအလား

"ဒီမှာ မင်းလုပ်တာ ငါရည်းစားစကားအပြောခံရမလို ့လွတ်သွားတယ် မင်းတာဝန်ယူ''

ဘာတွေသွားပြောနေတာလည်းကွာ
ဘာလို ့တာဝန်ယူတွေ ဘာတွေပြောမိတာတုန်း
ထင်တဲ့အတိုင်း ဆွဲထားတဲ့လွယ်အိတ် ကိုပြန်ဆွဲ ယူလိုက်ပြီး လူကို ခပ်တည်တည် စိုက်ကြည့်ပြန်ပြီ

My Strange ADDICTIONWhere stories live. Discover now