Ep-6

745 85 23
                                    


Unicode
စာအတော်ကြီးတော်နေခြင်းမဟုတ်သော်လည်း တာဝန်အရ စာကြည့်တိုက်တော့သွားရဦးမည်
အကြောင်းကား
Group assignment လုပ်ရမည်မို ့ group meeting ခေါ်ယူခြင်း
ညနက်အထိ ကြာနိုင်သည်မို ့
Jung hoseok ကို လာမခေါ်ရန်ဖုန်းဆက်ထား ရသည်
Jung hoseok နဲ့ရင်းနှီးပြီလား လို ့မေးရင်တော့ ဖြေရခက်တဲ့ မေးခွန်းပင်
လာပို ့လာကြို လုပ်နေသည်က လွဲရင် ဘာစကားမှ သိပ်မပြောဖြစ် သို ့သော် ကျနော့်ကိုသူစိတ်ပူတတ်သည်ကို တော့ကျနော်အသိပင်
လူများတဲ့နေရာ မသွားဖို ့
နေမကောင်းရင် ဖုန်းဆက်ဖို ့
နေ့လည်စာ အိမ်က ထုပ်ယူသွားဖို ့
ပြသနာတစ်ခုခုဖြစ်ရင် ပြောဖို ့
အဓိက ကတော့ Jeoung hoonကို ရှောင်ဖို ့ပေါ့

Jeoung hoon ကလည်း ဟိုတစ်နေ့က ကိစ္စသာ မဖြစ်ခဲ့ရင်
လူကောင်းလို ့ထင်မိမှာ အမှန်ပင်
အမြဲ လိုက်ကြည့် နေယုံက လွဲ ရင် ဘာမှ မလုပ်
အမြဲရန်ဖြစ်တတ်သည် သီတင်းရထားသော်လည်း ခုတစ်လ လုံး ဘာရန်သတ်ပွဲ သံမှ မကြားရ
ကျောင်းက ကျောင်းသား များ
ရန်ပွဲရှိရင် တောင် သူမပါသည်မို ့တစ်ကျောင်းလုံးအံ ့ဩ နေကြသည်တဲ့

Jung hoseok ကတော့ ပွဲတိုင်းကျော်ပင်
ရန်သတ်ပွဲတိုင်းမပါ မပြီး
တစ်လ အတွင်း ကိုယ်သိတာ တင် ၅ပွဲလောက်ရှိနေပြီ
ကိုယ်မသိတာတွေနဲ့ဆိုဘယ်လောက်များမည်မသိ
တစ်ခါတလေ သူနှင့် jeoung hoonဘယ်သူက လူဆိုးလည်းတောင် မသဲကွဲ

"". .ဒေါက်...ဒေါက်....''

အစည်းအဝေး အပြီး တွင် ကိုယ့်တာဝန်ကျရာ လုပ်ရင်းအတွေးလွန်နေသည်မှာ
စာကြည့်စား ပွဲပေါ်သို ့လက်နှင့်ခေါက်သံကြားမှ အသိပြန်ဝင်လာရသည်

". ..ဟင်...''

ညနက်နေ၍ အကုန်ပြန်သွားကြပြီ
ဒါတောင်ကိုယ်မသိလိုက်
တစ်လ လုံး ကိုယ်နဲ့ ဝေးနေ၍ စိတ်သက်သာ ပေမယ့်
ခုဘယ်သူမှ မရှိချိန်မှ Jeoung hoon က

". .Min Yoongi. ..မင်းတစ်ယောက် ဘဲရှိတော့တယ်....မပြန်သေးဘူးလား...'''

"". ....ပြန်...ပြန်မှာ...'''
စကား များ မထစ်အောက်ထိန်းနေပေမယ့် မတတ်နိုင်

"". .ဒီနေ့တော့ မင်းကိုယ်ရံတော်ကြီး လာမကြိုဘူးဘဲ..ာ'''

". ....'''

My Strange ADDICTIONWhere stories live. Discover now