Ep 12

738 83 50
                                    

Unicode

ဟိုဆော့ဆိုတဲ့ ကောင်လေးက ယွန်းဂီ ကို ဘယ်လောက်အထိ များစိတ်နာ သွားသည် မသိ။
ကုမ္ပဏီကို သွားတွေ ့တိုင်းတွင် မျက်နှာလေးကိုတောင် ထွက်မပြတော့ပေ။ ဝန်ထမ်းများကိုလည်း မင်ယွန်းဂီ ဆိုသည့် နာမည် မြင်တာနဲ့ မောင်းထုတ်ဖို ့တောင် မှာထားပုံရသည်။

သူဘယ်လောက်ရှောင်ရှောင် ယွန်းဂီက ရအောင်လိူက်တွေ ့ဖို ့ဆုံးဖြတ် ထားသည်။ အတိတ်တစ်ခုမှာ မပြောမဆိုနဲ့ ပျောက်သွားခဲ့ဖူးတဲ့ ယွန်းဂီ က အမှားကျူးလွန်ထားသူမဟုတ်လား။ မုန်းတယ် ဆိုသည့် စကားကိုလည်း ထူးထူးခြားခြား အကြာကြီး ခံစားမနေတော့ဘူး။ ဟိုဆော့ က မုန်းတယ် ဆိုရင်တောင် သူကတော့ ထိုအမုန်းတွေ ပြေတဲ့အထိ အနောက်ကနေ လိုက်ဦးမည်။

အီတလီ စားသောက်ဆိုင် တစ်ခု ထဲတွင် ဟိုဆော့ ရှိရာ ဝိုင်းနှင့် အကွယ်တစ်နေရာ တွင် ထိုင်နေတာ နာရီဝက်ပင်ရှိသွားပြီ ဖြစ်သည်။ ဂျန်ဟိုဆော့က စားသောက်ဆိုင်သို ့လာပြီး
အစာမစားဘဲနှင့် အလုပ်တွေချည်းသာစွတ်လုပ်နေ ၏။ အနောက်နိုင်ငံသား ဧည့်သည် တစ်ယောက် နှင့် စကားပြောလိုက် macbook ကြီးကြည့်လိုက်တော့ ရှုပ်ယှက်ကိုခက်လို ့။

ဘေးတစောင်းမြင်နေရသည့် မျက်နှာလေးက အေးချမ်း ဖွယ်အတိ။ အခုကြည့်လိုက်မှ ဒီလူသားက ဟိူးတချိန် အထက်တန်းကျောင်းသားလေးလို ဂျစ်တစ်တစ်လေး မဟုတ်တော့မှန်းရိပ်မိလာသည်။
ယွန်းဂီမဟုတ်သော လူများနှင့် ပြုံးပျော်နေကာ တကယ့်ကို ပြေပြေ ပြစ်ပြစ်လေး။ ကျောင်းသားလေး ဟိုဆော့လို ရည်းစားတွေ ဘယ်တစ်ယောက် ညာတစ်ယောက်လည်း မတွဲတော့ပါ။ စုံစမ်းရသလောက် လွန်ခဲ့တဲ့ လေးနှစ်အတွင်း ဟိုဆော့က ချစ်သူတောင် မရှိခဲ့ဘူးတဲ့။
ဒီလိုမျိုးသိလိုက်ရတော့ ယွန်းဂီ ရင်ထဲမှာ ကြိတ်ပျော်သွားမိသည်။ အရောင်ပြောင်းခဲ့တဲ့ ယွန်းဂီရဲ့ မေတ္တာတရားရဲ့ ပိုင်ရှင်လေးက များ ယွန်းဂီ နှင့်ထပ်တူပါဆိုရင် ဘယ်လောက်တောင်ပျော်ရမလဲ။

"". ..တကယ်ဘဲကွာ...'''

ယွန်းဂီခပ်တိူးတိူးလေး ကိုယ့်ကိုယ်ကို အရှက်ပြေ ပါးစပ်ထဲရှိရာရေ ရွတ်လိုက်သည်။ ဟုတ်တယ်။ လူတွေက အချစ်နဲ့တွေ ့ရင်
အဆီအငေါ် မတည့်ကြတော့ဘူး။

You've reached the end of published parts.

⏰ Last updated: Nov 12, 2021 ⏰

Add this story to your Library to get notified about new parts!

My Strange ADDICTIONWhere stories live. Discover now