Episode 10

719 78 37
                                    

Unicode

ခပ်ဖြူးဖြူးတိုက်နေသော လေအေးအေးမြားကွောငျ့ နောက်ကျိကျိ ဖြစ်နေသော စိတ်များက အနည်းငယ်ကြည်လင်လာ၏။ အေးခဲနေသော ရာသီဥတုမို ့ cafe အပြင်ဘက် လေအေးအေးများတိုက်ခတ်နေသော ခုံတန်းတွင် ကိုယ့်အပြင် ထိုင်သူမရှိ။ လက်ထဲတွင် ကိုင်ထားသော ကော်ဖီ ပူပူ လေး ကြောင့် ကော်ဖီခွက်အား ကိုင်ထားသော လက်နှစ်ဖက်ကတော့ ခပ်နွေးနွေးလေး ဖြစ်နေ၏။

Cafeလေးသည် အထပ်မြင့် တိုက်၏ အပေါ်ဆုံးတွင်ရှိသည်မို ့ တစ်မြို ့လုံး၏ ညခင်းအလှအား မျက်စိတစ်ဆုံးရှုစားနိုင်၏။ မီးရောင် ထိန်လင်း နေသော မျက်နှာချင်းဆိုင် တိုက်ခန်း များထဲတွင်  ပြောျရှှငျဖှယျ မိသားစုများ အတူတကွ နေထိုင်နေကြမလား။ ဖခင် နှင့် မိခင်၏ ရင်ခွင်ထဲတွင် ဝင်ရောက်ခိုလှုံနေသော သားငယ်,သမီးငယ် များ လည်း အိပ်မောကျနေကြမလား။
တချို ့မိသားစုများတွင် အိမ်ပြန်နောက်ကျသော ဖေဖေ နှင့်မေမေအား ညီအစ်ကို မောင်နှမ များ ဆော့ကစားရင်း စောင့်ကြိုနေကြမလား။ ဒါမှမဟုတ် ကိုယ်နှင့်ဘဝတူ တစ်ကောင်ကြွက် တစ်ယောက်ယောက်များ အထီးကျန်စွာ အိပ်မပျော်ဖြစ်နေ မလား။ ထိုသို ့ တစ်ကိုယ်တည်း ဘဝကို ဖြတ်သန်းနေသူ ဆိုသည်မှာလည်း ရှိရောရှိပါ့မလား။ အနည်းဆုံး မိဘမဲ့, တစ်ကောင်ကြွက် တစ်ယောက်တွင်ပင် သူငယ်ချင်း သို ့မဟုတ် ချစ်သူ ဟူသော အဖော်တစ်ယောက်ယောက် တော့ရှိတတ်ကြတာဘဲ မဟုတ်ပါလား။

"". .ရူးတာဘဲကွာ...အဟက်. "

ပြည့်စုံလွန်းလှပါသော မျက်နှာချောချော လေးက ရိသဲ့သဲ့ အပြုံးတစ်ပွင့်ကြောင့် ငေးကွညျ့ခငြျလောကျအောငျပငျ လှပနေ၏။ နဘေးနားရှိ မီးအိမ်မှ မှ မီးအဝါရောင် များက မျက်နှာချောချော ပေါ်သို ့ဖျာကျနေသည်မို ့ နတ်သားတစ်ပါး အလား ကိုယ်ရောင်ကိုယ်ဝါတို ့က တောက်ပနေပြန်သေးသည်။ ထိုသို ့ပြည့်စံု လွန်းပါသော်လည်း ထယ်ယောင်း၏ မျက်ဝန်းများက အေးစက်နေ၏။

". .ကျစ်.. ငါဒီဆိုင်မှာ ကျန်ခဲ့တယ် ပြောပြီးပြီဘဲ..''

ခပ်တိုးတိုးသာ ကြားရသော အသံဆိုပေမယ့်ရင်းနှီးနေသော လေယူလေသိမ်းဖြစ်နေသည် မို ့
ထိုအသံလာရာ cafeအတွင်းပိုင်းသို ့ လှည့်ကြည့်မိ၏။ ပြသနာ တစ်ခုခု မကြေမလည် ဖြစ်နေသော ရင်းနှီးပြီးသား မျက်နှာကြောင့် ထယ်ယောင်း cafeအတွင်းပိုင်းသို ့ ဝင်ရန်ခြေဦးလှည့်မိသည်။ အခွင့်အရေး ရတုန်း အကူအညီ လိုသည်ဆိုပါက ကူညီပေးနိုင်စေရန်အတွက်။ ကူညီချင်လွန်းနေ၍တော့ မဟုတ်ပါ။ အေးချမ်းနေသော ကိုယ့်ရဲ့ညကို ဖျက်ဆီးနေသောဤ လူသား သည် မဖြစ်မနေ ပက်သက်ရမည့်သူမို ့။

My Strange ADDICTIONWhere stories live. Discover now