Unicode
အတန်းထဲမနဲဆွဲခေါ်လာသဖြင့်
Kim seokjinတစ်ယောက် ရစ်သီသီပါလာသည်
ပထမဆုံးနေ့မို ့ ကျောင်းခန်းထဲ စောဝင်ပါမယ်ဆိုတာကို
ဟိုဘက်ခန်း ကို သွားချောင်း ချင်တယ်ဆို၍ ဂုတ်ကဆွဲကာခေါ်လာရသည်
အတန်းထဲရောက်တော့ လူမိုက်ခေါင်းဆောင်ကြီးများရောက်လာသဖွယ် ပြတင်းပေါက်ဘေး နောက်ဆုံးခုံ ၂ခုံ က ကျောင်းသားတွေက အလိုက်တသိဖယ်ပေး လာကြသည်
လူဆိုး ဖြစ်ရတာ အဲ့ဒါတွေ ကောင်းတာ နုံအနေရင် သူများအနိုင်ကျင့် ခံရမည်သာ
လူတွေက သိပ်ကျပ်ပြည့်ကြတာမဟုတ်
ကိုယ်ကတော့ လူဆိုးစားရင်းသာ ဝင်တာ တခြားသူတွေနှိမ်တာ နှိပ်စက်တာ လုံးဝမလုပ်လုပ်တဲ့ကောင်တွေနဲ့ဘဲ ဖိုက်တာ
အဲ့တော့ လူဆိုးတွေနဲ့ ဖိုက် တာများသွားတော့ အလိုလို လူဆိုးဖြစ်လာတာပေါ့
မကောင်းတာ တစ်ခုဘဲ မိန်းကလေးတွေ အတင်းလိုက်ကပ်ကြတာ
မကြိုက်ဘူးရယ်တော့ မဟုတ်
ချစ်တော့မချစ်သေးဘူး တွဲလာတဲ့ရည်းစား ကအသက်ရဲ့ ၂ဆလောက်ရှိနေပြီဖယ်ပေးထားတဲ့ ခုံ၂ခုံ မှာ ကိုယ်က နောက်ကခုံတွင်ထိုင်ကာ seokjinက ရှေ ့ကခုံတွင်ဝင်ထိုင်လိုက်သည်
ပထမဆုံးနေ့မို ့အတန်းပိုင်ရဲ့နှုတ်ဆက်စကား တွေ တသီကြီးနားထောင်ပြီးမှ စာတောင်စသင်နေချေပြီ
ထိုအချိန်မှ အခန်းတံခါးပွင့်လာသည်ကို သတိထားမိသည်
ကျောင်းအုပ်ကြီး ဆိုရင်တော့ဒုက္ခဘဲ မနေ့က clubသွားတာ မိပြီထင်တယ်
အထင်နဲ့အမြင် တတ်တတ်စင်လွဲ နေသည်
ခုဏက ဝင်တိုက်မိတဲ့အဖြူကောင်
ဘာလည်း သူကဆရာလား
မဖြစ်နိုင်ပါဘူး ငယ်ငယ်လေး ကိုယ့်ထက်တောင်ငယ်မဲ့ပုံဘဲ". ..ဘာကိစ္စရှိလို ့လည်း...သား...''
"ကျောင်းသားသစ်...''
Wow ဒီအဖြူကောင်က ဆရာမ ကိုတောင် တိခနဲ ပြတ်ပြတ် စကားပြောတာလား
ဆရာမဟုတ်ဘူးကျောင်းသား
ထင်သားဘဲ ဒီလောက်နုဖက်နေတာ". ..အော် နာမည်မိတ်ဆက်လိုက်ဦးသား...''
ကျောင်းသားသစ် လို ့ပြောပြီး အတန်းထဲကိုတောင်နှုတ်မဆက်ဘဲ ဇွတ်ဝင်လာ၍ ဆရာမက လှန်းတားပြီး မိတ်ဆက်ခိုင်းနေသည်
တကယ် မခေတဲ့ကောင်ဘဲ
ထင်လို ့ဘဲလားတော့ မသိ သူချွေးတွေပျံနေတယ်
ခုဏအေးစက်စက်ပုံစံနဲ့လည်း အနည်းငယ် ခြားနားနေသလို

YOU ARE READING
My Strange ADDICTION
Fanfictionနှင်းဆီပန်းခင်း တွေထဲက ရေလောင်းနေတဲ့ပုံရိပ်လေး က ငါ့ရဲ့နောက်ထပ်စွဲလမ်းမှုတစ်ခု #Min Yoongi ဲမင်းရဲ့စွဲလမ်းမှုက ရေလောင်းနေတဲ့ငါ့ပုံရိပ်ဆိုရင် ငါ့ရဲ့စွဲလမ်းမှုက ငါ့နားမှာ အမြဲရှိနေပေးတဲ့ မင်းဘဲ ငါ့နောက်ကိုအမြဲတစ်ကောက်ကောက်လိုက်တဲ့မင်းဘဲ ငါ့ကိုငါထက် မ...