Happy Sope Day
Unicode
မီးရောင်စုံ များကြား အရောင်အသွေး စုံလင်သော မိန်းမလှ ယောကျာ်းချောလေးများ။
တွဲ ကနေသူလည်း ရှိသလို၊ ခပ်ခွာခွာ မှ အထာပေးနေသူများလည်းပေါ၏။စိတ်မကြည် လွန်း၍ rum ပြင်းပြင်း တစ်ခွက် အား တစ်ကြိုက်တည်း မော့ချပြစ်လိုက်သည်။
အရက်ဒဏ် မခံနိုင်၍ မူးလည်း မူးပါစေတော့ ။သူငယ်ချင်းအား ဖုန်းဆက်ပြီး လာခေါ်ခိုင်းထားပြီးသားဖြစ်သည်။
စိတ်မကြည် ဘူး ပြောရသည်ထက် လွမ်းနာ ကျနေသည်ဆိုပိုမှန်မလား။
တစ်ခါတလေ အစားထိုးပစ်ချင်ပါသည် ။
မင်းနဲ့ငါ ဘာမှ မပက်သက်ခဲ့ပေမယ့် မင်းကို အစွဲလမ်းကြီး စွဲ လမ်းမိတယ် ထင်ပါတယ်။ဒုတိယ မြောက် တွင်တော့ rum လောက် နဲ့မေ့မရ၍ vocka တစ်ခွက် အား ထပ်မံမှာယူ လိုက်သည်။
အရက်ဆိုတာ တစ်မျိုးတည်းသောက်သည်ထက် အမျိုးစုံရော သောက်ရတာ ပိုမူးသတဲ့။အရက်ခွက် အား မျက်လုံးစုမှိတ် ကာ မော့သောက်မည် အပြု လက်ထဲမှ ဆွဲလုခံလိုက်ရသည်။
Seokjin တစ်ယောက် ရောက်ပြီထင်သည်။". .seokjin. ..ငါမူးချင်တယ်...'''
သီချင်းသံ များ ဆူညံ နေ၍ ကြားမကြား မသေချာသော်လည်း Seokjin ဆိုရင်တော့ သေချာပေါက် ဘာပြောသလည်း ခန့်မှန်းမိမှာပါ။
". .ကျနော်လည်း မူးချင်တာဘဲ...''
တစ်ခါမှ မကြားဖူးသည့် ခပ်စိမ်းစိမ်း ခပ်ပြတ်ပြတ်လေသံကြောင့် အသံကြားရာ မော့ကြည့်မိ၏။
ခပ်မှိန်မှိန် မီး ရောင်ကြား တောက်ပနေသော ကောင်လေးတစ်ယောက်။
လူကို ခပ်စူးစူး စိုက်ကြည့်နေ၍ နေသာ ထိုင်သာ သိပ်မရှိလှ။
သေချာကြည့်တော့မှ မျက်ဝန်းဝိုင်းဝိုင်း သေသေ သပ်သပ် လေးနှင့်။
နှာတံ ဖြောင့်ဖြောင့် စင်းစင်း
၊ အနား သတ် လှပသော နှုတ်ခမ်း တစ်စုံ တို ့လည်းပိုင်ထားသေးသည်။
Leather coatအနက်ကြီး နှင့် အောကျခံ ဆင်စွယ်ရောင် တွဲဖက် ဝတ်ဆင်ထားသည်။
Jean ဒူးပြဲ အား စမတ် ကျကျဝတ်ထားလိုက်တော့ မသိရင် မော်ဒယ် မင်းသား လိုလို ဘာလိုလို။
တော်တော်လေး ချောမောသည့် လူသားပင်။

YOU ARE READING
My Strange ADDICTION
Fanfictionနှင်းဆီပန်းခင်း တွေထဲက ရေလောင်းနေတဲ့ပုံရိပ်လေး က ငါ့ရဲ့နောက်ထပ်စွဲလမ်းမှုတစ်ခု #Min Yoongi ဲမင်းရဲ့စွဲလမ်းမှုက ရေလောင်းနေတဲ့ငါ့ပုံရိပ်ဆိုရင် ငါ့ရဲ့စွဲလမ်းမှုက ငါ့နားမှာ အမြဲရှိနေပေးတဲ့ မင်းဘဲ ငါ့နောက်ကိုအမြဲတစ်ကောက်ကောက်လိုက်တဲ့မင်းဘဲ ငါ့ကိုငါထက် မ...