~Ep - 8~

112 3 2
                                    

💛Yellow Heart💛
[Ep-8]
Unicode 💛

ရိပေါ် ဝမ်မားရဲ့ အုတ်ဂူဆီကပြန်လာတော့ အိမ်မှာတစ်ယောက်မှမရှိ
မီးဖိုချောင်ထဲက အသံကြားလို့ ချောင်းကြည့်လိုက်တော့
Cake မုန့်လုပ်နေတဲ့ ရှောင်ကျန့်
Cake ပေါ်ကို အာရုံစိုက်နေတဲ့ ဝိုင်းစက်နေတဲ့ မျက်လုံး ကော့ပျံနေတဲ့ မျက်တောင်မွေးတွေ ချယ်ရီရောင် နှုတ်ခမ်းလေးက ပြတင်းပေါက်ကလာတဲ့ အလင်းရောင်ကြောင့် ပိုပြီး လှပနေတယ်
ယောက်ျားတစ်ယောက်အတွက် လှတယ်ဆိုတာမသုံးသင့်ပေမယ့် ရှောင်ကျန့်က တကယ်ကိုလှတာ
ရိပေါ်တစ်ယောက် ခဏလောက် မင်သက်မိနေတုန်း
လီလီ : '' အကိုလေး... ''
ရိပေါ်  : '' အမလေး!!!သရဲတွေ့လို့!!!!! "
လီလီ : '' ဘယ်မှာလဲ သရဲ ''
ရိပေါ်  : '' ဒီမှာလေ ''
ဆိုပြီး လီလီကိုလက်ညိုးထိုးပြတော့
လီလီ  : '' ဟမ်...လီလီက အဲ့လောက်မဆိုးပါဘူး အကိုလေးကလည်း...ဒါနဲ့ ဘာချောင်းနေတာလဲဟင် ''
လီလီ မီးဖိုချောင်ကို ချောင်းကြည့်တော့ Cake မုန့်လုပ်နေတဲ့ ရှောင်ကျန့်ကို မြင်တော့တယ် အဲ့တော့မှ လီလီ သဘောပေါက်ပြီး
လီလီ  : '' ကျန့်ကျန့်ကို ချောင်းနေတာလား ''
ရိပေါ်  : '' ငါမချောင်းဘူး...နင်ဘဲချောင်း ''
.ရိပေါ်လည်း ပြောပြီးချင်း ဆောင့်အောင့်ပြီးထွက်သွားတော့တယ်
လီလီ  : '' အကိုလေးက နားလည်ရခက်တယ် ''
ရှောင်ကျန့်  : '' ကျဲ... ''
လီလီ  : '' အမလေးဟဲ့ ကျန့်ကျန့် ''
ရှောင်ကျန့်  : '' ဒီမှာဘာလုပ်နေတာလဲ...ဘယ်သူက နားလည်ရခက်တာလဲ ''
လီလီ  : '' ဟိုလေ...ဟို...အကိုလေးကနားလည်ရခက်တယ်လို့ ''
ရှောင်ကျန့်  : '' Aww....ဟုတ် ''
လီလီ  : '' ဘာများကူညီပေးရအုံးမလဲ ''
ရှောင်ကျန့်  : '' ညနေဘက် မွေးနေ့အတွက်  သောက်စရာတစ်ခုခုသွားဝယ်ပေးပါလား ကျဲ ''
လီလီ  : '' အင်း အာ့ဆို ကျဲ အခုပဲသွားလိုက်မယ် ''

ညနေရောက်တော့ လီလီနဲ့ရှောင်ကျန့်တို့ မွေးနေ့အတွက်အလုပ်ရှုပ်နေကြတယ်
ရိပေါ်ကတော့ ပြန်ရောက်ကတည်း အခန်းအောင်းပြီး ဘာလုပ်နေမှန်းမသိ ဂူအောင်းပြီး တရားကျင့်တောင်ရတယ်
ခဏလောက်ကြာတော့ ဝမ်ပါးအိမ်ပြန်ရောက်လာတယ်
ဝမ်ပါး  : '' သားကျန့်...ရေမိုးချိုးပြီး ပြင်ဆင်တော့လေ ''
ရှောင်ကျန့် : '' ဟုတ် အန်ကယ် ''
ဝမ်ပါး  : '' လီလီလည်း လက်စမြန်မြန်သတ်ပြီး ရေမိုးချိုး ရိပေါ်ကိုခေါ်ပြီးဆင်းလာခဲ့ ''
လီလီ  : '' ဟုတ်ကဲ့ ''

 💛အဝါရောင်နှလုံးသား💛[Yizhan]Where stories live. Discover now