💛Yellow Heart💛
[Ep-10]
Unicode💛ရှောင်ကျန့်ကို ခေါ်ဖို့ ရောက်နေကြပြီ
ဝမ်ပါး : '' သားကျန့် ဟိုမှာ သားဦးလေးစကားကို သေချာနားထောင်အုံးနော် ''
ရှောင်ကျန့် : '' ဟုတ်ကဲ့ အန်ကယ် အန်ကယ်လည်း ကျန်းမာရေးဂရုစိုက်ပါနော် ''
ဝမ်ပါး : '' အေးကွယ် ''
Bodyguard. : '' အကိုလေး သွားရမဲ့အချိန် ရောက်ပါပြီ ''
ရှောင်ကျန့် : '' ဟုတ်ကဲ့ အန်ကယ် ကျန့်သွားလိုက်ပါအုံးမယ် ''
ဝမ်ပါး : '' အေးကွယ် ပြန်လာတာကိုမျှော်နေမယ်နော် ''
ရှောင်ကျန့် : '' ဟုတ်ကဲ့ ''
ရှောင်ကျန့်ထွက်သွားတာကို နှုတ်မဆက်ရဲတဲ့ ရိပေါ်ကတော့ ဆိုက်ကယ်ပြိုင်ကွင်းမှာ တစ်ယောက်တည်း ဆိုက်ကယ်လုပြိုင်နေတော့တယ်ရှောင်ကျန့် အမေရိကသွားပြီး 5 နှစ်အကြာ......
ရှောင်ကျန့်တစ်ယောက် 5 နှစ်ကြာပြီးမှ မွေးရပ်မြေကိုပြန်ရောက်လာပေမယ့် မွေးရပ်မြေရဲ့အငွေ့အသက်က စိမ်းသက်မသွား
ရှောင်ကျန့် လေဆိပ်ကိုရောက်တော့ လာကြိုမယ့်သူမရှိပေမယ့်လည်း အထီးကျန်တယ်လို့မခံစားရတော့
ရှောင်ကျန့် ငယ်ငယ်ကအကြောင်းတွေစဥ်းစားနေရင်း နောက်ကနေ အထုပ်တွေ တစ်ပုံကြီးနဲ့လိုက်လာတဲ့ ကျိရန်ကိုကြည့်ပြီး ရယ်မိတယ်
ရှောင်ကျန့် : '' ကော...ကျန့်လည်းကူသယ်ပေးပါမယ် ''
ကျိရန် : '' သခင်လေးရယ် အေးဆေးနေပါ သခင်ကြီးက အထုပ်မဆွဲခိုင်းနဲ့လို့သေချာမှာလိုက်တာပါ ''
ရှောင်ကျန့် : '' အာ့ဆိုလည်းပြီးရော ကိုယ့်ဘာသာနောက်ကလိုက်ခဲ့တော့ ''
ကျိရန် : '' အာ.အာ နေအုံးလေ သခင်လေးရဲ့ ဒီ Luggage လေးတော့ ဆွဲသွားလိုက်ပါ သခင်မလေးက ကြိုဖို့ကားလွှတ်ထားပေးတယ်တဲ့ ''
ရှောင်ကျန့် : '' လာမကြိုဘူးထင်ထားတာ ''
ကျိရန် : '' သခင်မလေးကပဲ မအားလို့ လာမကြိုတာပါ ကားတော့လွှတ်ပေးလိုက်တယ်တဲ့ ''
ရှောင်ကျန့် : '' အင်း ကားဆီကိုသွားနှင့်ပြီနော် အထုပ်တွေသေချာဆွဲခဲ့ ''
ရှောင်ကျန့်ကားပါကင်ရောက်တော့ ကားဘေးကနေပြုံးပြုံးကြီးရပ်နေရာကနေ Luggage ကိုအပြေးလာဆွဲတဲ့ ဦးလေးကျား
[A/N - ကျားတွေပါ ပါလာပြီ ]
ရှောင်ကျန့် : '' ဦးလေးကျား မတွေ့ရတာတောင်ကြာပြီနော် ''
ဦးလေးကျား : '' ဟုတ်ပါတယ် သခင်လေး မတွေ့တာတောင်တော်တော်ကြာပါပြီ သခင်မလေး ဒီကိုရောက်လာကတည်းကနေ မတွေ့ရတာပါ သခင်လေးလည်း လူကြီးလေးဖြစ်လာပြီဘဲ ''
ကျိရန် : '' ဘယ်ကသာဦးလေးရာ ဒီသခင်လေးတို့ကတော့ လူသာကြီးလာ အခုထိချွဲကောင်းတုန်း ကလေးဆန်ကောင်းတုန်း ''
နောက်ကနေအထုပ်တွေနဲ့လိုက်လာတဲ့ ကျိရန်က ဝင်ပြောလိုက်တယ်
ရှောင်ကျန့် : '' ကဲပါ ကျန့် ကျဲကို တွေ့ချင်လှပြီ ဝမ်အိမ်တော်လည်းသွားရအုံးမှာမို့ မြန်မြန်အိမ်ပြန်ရအောင် ''
ဦးလေးကျား : '' ဟုတ်ကဲ့ သခင်လေးက သခင်မလေးကို လွမ်းနေတာထင်တယ် ''
ကျိရန် : '' ချွဲစရာရှာနေတာ ''
ရှောင်ကျန့် : '' ကျိရန်ကော''
ကျိရန် : '' အေးပါ ကျွန်တော်ဘဲ အရှုံးပေးပါတယ် သခင်လေး ကားပေါ်မြန်မြန်ကြွပါ ''
ရှောင်ကျန့် : '' ဟီး ''
At Cafe...
ကျိုးချန် : '' အား...ဒီကောင်ရိပေါ် သူပြောတော့မြန်မြန်လာခဲ့ဆို အခုသူဘယ်မှာလဲ ''
ယွီပင် : '' ကျွန်တော်လည်း ဘယ်သိမလဲ ''
ဝမ်ချောင် : '' ဟော လာတော့မူပါပြီ အသက်တွေလည်းရှည်အုံးမယ် ''
ရိပေါ်လည်း ကျိုးချန်တို့နဲ့အတူဝင်ထိုင်ပြီး Ph သုံးနေလိုက်တယ်
ကျိုးချန် : '' အောဟော ဒီကောင်က ဘာလား ဟေ့ကောင် ရိပေါ် ''
ရိပေါ် : '' အင်း ''
ကျိုးချန် : '' မင်းငါတို့ကိုပြောစရာရှိတယ်ဆို ''
ရိပေါ် : '' အေးလေ ''
ကျိုးချန် : '' ပြောလေ ''
ရိပေါ် : '' ပြောမယ်လေ '''
ယွီပင်နဲ့ဝမ်ချောင်ကတော့ နှစ်ယောက်ဖြစ်ပျက်နေတာကို ကြည့်ပြီး အူနာနေပြီ
ဝမ်ချောင် တော်ကြပါတော့ ''
ရိပေါ် : '' ဒီလိုကွ ငါ မင်းတို့ကို ငါ့ကုမ္ပဏီမှာ အလုပ်ဝင်ခိုင်းမလို့ ''
ယွီပင် : '' ဘာ! "
ရိပေါ် : '' လန့်လိုက်တာ ဖြေးဖြေးအော်ပါကွ ''
ယွီပင် : '' ဘာလို့ ကျွန်တော်တို့က ကောကုမ္ပဏီမှာ အလုပ်ဝင်ရမှာလဲ ''
ရိပေါ် : '' ကုမ္ပဏီမှာ ငါတစ်ယောက်တည်းပျင်းတယ်ကွ နေ့လည်စာစားချိန်ဆိုလည်း တစ်ယောက်တည်း ''
ကျိုးချန် : '' မင်းကချေတာကိုး ဒါနဲ့ပြောပါအုံး ရာထူးလေး ငါလည်း အလုပ်ရှာချင်နေတာ ''
ရိပေါ် : '' စာရင်းဌာနမှာ ''
ယွီပင် : '' ငိ အာ့ဆို အလုပ်များမှာပေါ့ ''
ရိပေါ် : '' လစာပေးထားတာလေ အလုပ်တော့လုပ်ရမှာပေါ့ ''
ဝမ်ချောင် : '' အေးပါ နောက်အပတ်ကစလို့ အလုပ်ဆင်းပေးမယ် ''
ယွီပင် : '' ဒီဆိုင်က ဆိုင်ရှင်မမလေ Coffee တွေ မုန့်တွေ လုပ်တာ တကယ်တော်တယ်နော် ဆိုင်စီမံခန့်ခွဲ ခွဲ.. ''
ကျိုးချန် : '' ဟေ့ကောင် ဘာဖြစ်သွားတာတုန်း ''
ယွီပင် : '' အဲ့တာ ကျန့်ကျန့် မဟုတ်လား ''
ဝမ်ချောင် : '' ဘယ်က ကျန့်ကျန့်လဲ ''
ကျိုးချန် : '' ရှောင်ကျန့် ပြောတာကွ ဟိုးမှာ ''
ရိပေါ် coffee သောက်နေရင်းကနေလှည့်ကြည့်လိုက်တယ်
T shirt အဖြူရောင် Jeanဘောင်းဘီ အနက်နဲ့ အပြင်အကျီအနက်လေးဝတ်ပြီး အရင်ကထက်လူကြီးဆန်နေတဲ့ ရှောင်ကျန့်
ရိပေါ်တို့တစ်ဖွဲ့ရှောင်ကျန့်ကို ကြောင်ကြည့်နေကြတယ်
ရှောင်ကျန့် ရှောင်အိမ်တော်ရောက်တော့ ကျဲက ကော်ဖီဆိုင်မှာဆိုတော့
ကျိရန်ကိုခေါ်ပြီး Cafe ကို တစ်ခါတည်းလာခဲ့တာ
Cafe ရောက်တော့ ကောင်တာမှာထိုင်နေတဲ့ ကျဲကိုမြင်တာနဲ့ ရှောင်ကျန့်တို့က ပြေးဝင်ပါလေရော
ကျိရန် : '' သခင်လေး ဖြေးဖြေးသွား ''
ကျိရန်ပြောတာတောင်မကြားတော့ဘဲ
ရှောင်ကျန့် : '' ကျဲ ''
လီယွဲ့ : '' အားကျန့် ''
မောင်နှမနှစ်ယောက်ပြေးဖက်လိုက်ကြတယ်
ရိပေါ်တို့အဖွဲ့ကတော့ စားပွဲဝိုင်းကနေကြောင်ကြည့်နေကြတုန်း
ရှောင်ကျန့် ရိပေါ်တို့ကိုမမြင်ဘူး
လီယွဲ့ : '' ကျဲက အားကျန့်ကို လွမ်းနေတာ ''
ရှောင်ကျန့် : '' ကျန့်ရောဘဲ ''
လီယွဲ့ : '' ကျဲကို ph ဆက်လိုက်လည်းရတာကို ''
ရှောင်ကျန့် : '' ဝမ်အိမ်တော်ကို သွားမလို့ကျဲရဲ့ အန်ကယ်ကို ပြန်ရောက်ပြီလို့ပြောမလို့ ပါးကလည်း သတင်းမေးခိုင်းလိုက်တယ် ''
လီယွဲ့ : '' ကျဲလည်းလိုက်မယ်လေ ခဏလေးနော် ပစ္စည်းသိမ်းအုံးမယ် ''
ရှောင်ကျန့် : '' ဟုတ် ''
လီယွဲ့ ပစ္စည်းတွေသိမ်းနေတုန်း ရှောင်ကျန့်ဆိုင်ကိုပတ်ကြည့်တော့ ယွီပင်ကိုမြင်ပါလေရော
ရှောင်ကျန့် : '' ယွီပင် ''
ရှောင်ကျန့် ရိပေါ်တို့ဝိုင်းကိုမသွားမလို့လုပ်တုန်း
လီယွဲ့ : '' အားကျန့် သွားမယ်လေ ''
ရှောင်ကျန့် : '' ကျဲကားပေါ်ကစောင့်နှင့်ပါ ကျန့် သူငယ်ချင်းကို နှုတ်ဆက်အုံးမယ် ''
ပြောပြီး ရိပေါ်တို့ဝိုင်းကိုလျှောက်လာခဲ့တယ်
ရှောင်ကျန့် : '' ယွီပင် ''
ယွီပင် : '' ကျန့်ကျန့် ''
ရိပေါ်က ကိုယ့်ဘာသာ Ph သုံးနေလိုက်တယ်
ယွီပင် : '' မတွေ့ရတာတောင်ကြာပြီ Ph လေးတစ်ခါတောင်မဆက်ဘူး ''
ရှောင်ကျန့် : '' Ph အသစ်ပြောင်းလိုက်တော့ မင်းရဲ့ Ph နံပါတ်ပျောက်သွားတာနဲ့ဘဲ မဆက်သွယ်ဖြစ်တာ ဒါနဲ့ နေကောင်းကြတယ်မလား အန်တီနဲ့ အန်ကယ်တို့ရော ''
ယွီပင် : '' အေး ဒေါင်ဒေါင်မြည်ဘဲ ကျန့်ဘယ်တုန်းကရောက်တာလဲ ''
ရှောင်ကျန့် : '' ခုနလေးတင်ဘဲရောက်တာ ရောက်ရောက်ချင်း ကျဲကိုတွေ့ချင်တာနဲ့ လာခဲ့တာ ''
ယွီပင် : '' အဲ့တာမင်းရဲ့ကျဲလား ''
ရှောင်ကျန့် : '' အင်း ''
ရှောင်ကျန့်နဲ့ယွီပင်တို့စကားပြောနေတုန်း ရိပေါ်တို့ Ph သုံးယောင်ဆောင်ပြီး နားထောင်နေတာ နည်းနည်းမှမလှုပ်
ကျိရန် : '' သခင်လေး ကားပေါ်မှာ သခင်မလေးစောင့်နေတာပါတယ် ''
ရှောင်ကျန့် : '' အင်း ယွီပင် ငါသွားစရာရှိလို့ သွားအုံးမယ် ''
ရှောင်ကျန့် အားလုံးကိုပြုံးပြပြီး ထွက်သွားတော့တယ်
ရှောင်ကျန့် ထွက်သွားတော့ ရိပေါ်တို့အဖွဲ့ သက်ပြင်းတစ်ချက်ချလိုက်တယ်
ကျိုးချန် : '' ကျန့်ကျန့်က အပြုံးနဲ့တင်လူသတ်လို့ရနေပြီ ''
ယွီပင် : '' အရမ်းချောနေတော့ သူနဲ့စကားပြောတာတောင် သတိထားပြောနေရတယ် ''
ရိပေါ် ခုံပေါ်ကို Ph ပစ်တင်လိုက်တယ်
ဝမ်ချောင် : '' ဖြေးဖြေးလုပ်ပါမသာရဲ့ ကျန့်ကျန့်အကြောင်းပြောကောင်းတုန်းရှိသေး ''
ရိပေါ် : '' အဲ့မှာပြောနေလိုက် ငါတော့ ဆိုက်ကယ်သွားလေ့ကျင့်ပြီ နောက်အပတ်အလုပ်ဆင်းဖို့မမေ့နဲ့ ''
ပြောပြီးချင်းချာခနဲလှည့်ထွက်သွားတဲ့ ရိပေါ်ကိုကြည့်ပြီး
ကျိုးချန် : '' ရိပေါ်တို့ကတော့အရင်အတိုင်းဘဲ ရှောင်ကျန့်အကြောင်းပြောတာနဲ့ ထသွားတော့တယ် အဲ့လောက်တောင်ကြည့်မရတာလား ''
[A/N - ကြည့်မရတာမုတ်ဘူး ရင်ခုန်သံ ထိန်းမရတာ ]
ရှောင်ကျန့် ကားပေါ်ရောက်တော့ သက်ပြင်းချလိုက်တယ်
[A/N - သက်ပြင်းတွေဘဲချနေလိုက်]
ရှောင်ကျန့် ရိပေါ်အပေါ်မှာ ရန်ငြိုးရော မကျေနပ်တာရော တစ်ခုမှမရှိပေမယ့် ရိပေါ်ကို နှုတ်မဆက်ရဲ
မတွေ့တာကြာလို့နေမှာပေါ့လေဆိုပြီး ကိုယ့်ဘာသာထင်လိုက်တော့တယ်
ရိပေါ်တစ်ယောက် ဆိုက်ကယ်ပြိုင်ကွင်းမှာလေ့ကျင့်တုန်း စိတ်တိုလာတာကြောင့် အိမ်ကိုပြန်ခဲ့တယ်
အိမ်ရှေ့ရောက်တော့ ကားတစ်ပေါ်ကို မိန်းကလေးယောက်တက်သွားတယ်
ရိပေါ်သိလိုက်တယ် အဲ့ဒါ Cafe ဆိုင်ကအမဘဲ ရိပေါ် ဆိုင်ကယ်သွင်းပြီးပြန်ထွက်လာတော့ ကျိရန်နဲ့ ရယ်မောကာထွက်သွားတဲ့ ရှောင်ကျန့်
ရိပေါ်လိုက်သွားပြီး အရင်ကဖြစ်ခဲ့တာတွေအတွက်တောင်းပန်လိုက်မလား စဥ်းစားတယ်
ငါကဘာကိစ္စတောင်းပန်ရမှာလဲဆိုပြီး အိမ်ထဲဝင်သွားပါလေရော
ကျိုးချန်တို့ကို ဒုက္ခပေးဖို့စဥ်းစားပြီး အိမ်ထဲဝင်လာတော့
ဝမ်ပါး : '' သားရိပေါ် ''
ရိပေါ် : '' အမလေး လန့်လိုက်တာပါးရာ ''
ဝမ်ပါး : '' ခဏလာအုံး ''
ရိပေါ်လည်း ဝမ်ပါးနား ဝင်ထိုင်လိုက်ပြီး ဆိုက်ကယ်သော့ကို ဆော့နေလိုက်တယ်
ဝမ်ပါး : '' သားကျန့်ပြန်ရောက်လာပြီ ''
ရိပေါ် : '' အဲ့တော့ ''
ဝမ်ပါး : '' သူ့ကို ပါးတို့ကုမ္ပဏီရဲ့ စာရင်းဌာနမှာ ခန့်ထားလိုက်တယ် ''
ရိပေါ် : '' ဘာ! "
ဝမ်ပါး : '' ရှောင်ကျန့်ရဲ့မွေးစားအဖေက ရှောင်ကျန့်ကို ပါးတို့ကုမ္ပဏီမှာ အလုပ်အကြောင်းလေ့လာစေချင်တာ အာ့ကြောင့် ကုမ္ပဏီမှာတွေ့ရင် နှောင့်ယှက်မနေနဲ့လို့ ''
ရိပေါ် : '' ကျွန်တော့ အရုပ်က သူ့ကို လိုက်နှောက်ယှက်နေတဲ့ရုပ်ပေါက်နေလို့လား ''
YOU ARE READING
💛အဝါရောင်နှလုံးသား💛[Yizhan]
Fanfictionသာသာ လက်ကမြင်းပြန်ပြီ😊 Yellow က BJYX ကို ကိုယ်စားပြုလို့ Yellow Heart လို့ Title တပ်ဖြစ်သွားတာပါ 💛🙆 ဇာတ်လမ်းအကျဥ်း...💛💛 သွက်လက်ထက်မြက်ပြီးချစ်စရာကောင်းတဲ့ကောင်လေး Xiao Zhan🐰 နဲ့ အဖေ့အပေါ်နာကျည်းမှုတွေကြောင့်ဆိုးသွမ်းပွေရှုပ်နေတဲ့ကောင်လေး Wang...