~Ep-4~

146 11 0
                                    

Unicode 💛

အဲ့နေ့ညက ရိပေါ်ရော ရှောင်ကျန့်ပါ အတွေးကိုယ်စီနဲ့ ပြုံးပျော်နေကြတယ်
နောက်နေ့မနက် ရိပေါ် Basketball သွားဆော့မလို့ထွက်လာတော့
ဝမ်ပါးက ကားတစ်စီးကိုထွက်ကြိုတယ်
ပြီးတော့ ကားပေါ်က ဆင်းလာတဲ့ မိန်းမကြီးတစ်ယောက်ကိုလည်း ကူတွဲပေးတယ်
ကားပေါ်ကနေ နောက်ထပ်ဆင်းလာတဲ့သူကြောင့် ရိပေါ် အံသြသွားတယ်
သူကတော့ ရှောင်ကျန့်

ပါး : '' ယွမ့်လာ.....Aww.....ရိပေါ်....ဒီကိုလာအုံး....မိတ်ဆက်ပေးရအုံးမယ် ''

ရှောင်ကျန့် ရိပေါ်ဆိုတဲ့နာမည်ကြားတော့ အံ့သြသွားတယ်
ရိပေါ် ရှောင်ကျန့်တို့နားလာရပ်လိုက်တယ်

ပါး : '' ရိပေါ်...ဒီအန်တီက....ရှောင်ယွမ့်.....သူက သူ့သား...ရှောင်ကျန့်တဲ့....ယွမ့်..ဒါက ကိုယ့်သား....ရိပေါ်တဲ့ ''

ရိပေါ် ရှောင်မားကို ကူတွဲပေးထားတဲ့ ဝမ်ပါးရဲ့လက်တွေကိုကြည့်လိုက်တယ်

ပါး  : '' ရိပေါ်.....သူတို့....ဒီအိမ်မှာနေကြလိမ့်မယ်.....ယွမ့်က....ကျန်းမာရေးသိပ်မကောင်း...အားကျန့်ကလည်း....ကျောင်းတစ်ဖက်နဲ့ဆိုတော့.....ဒီကိုလာနေဖို့ခေါ်လိုက်တာ ''

ဧည့်ခန်းမှာ........

ရိပေါ်  : '' မားဆုံးတာတောင်မကြာသေးဘူး...ပါးက....အိမ်ပေါ်မိန်းမတစ်ယောက်တင်ထားပြီပေါ့လေ....ပြီးတော့သားတစ်ယောက်နဲ့ ''

ပါး : '' ရိပေါ်....အဲ့လိုမဟုတ်ဘူးလေ ရှောင်ယွမ့်က ပါးသူငယ်ချင်း...''

ဝမ်ပါး ဘေးမှာထိုင်နေတဲ့ ရှောင်ကျန့်တို့သားအမိကိုအားနာမိတယ်
ဘာလို့လဲဆို ရိပေါ်က ပြောလျင်ဇွတ်လျှောက်ပြောနေတာကိုး
ရှောင်ကျန့်တို့သားအမိက ဝမ်ပါးရဲ့ တောင်းဆိုမှုကြောင့် ဒီအိမ်ကိုရောက်လာတာမလား

ရိပေါ် : '' သိလိုက်ပါပြီ....ပါးဘာလို့မားကိုဂရုမစိုက်လည်းဆိုတာ ''

ပါး : '' ရိပေါ်....စကားပြောဆင်ခြင် ''

ရိပေါ် : '' ပါးက...ဒီမိန်းမနဲ့ဖောက်ပြန်နေတာကိုး....ဒီကောင်လေးကရော...ပါးနဲ့သူနဲ့ရတဲ့သားလား..... ''

ရှောင်ကျန့် : '' မဟုတ်ဘူးလို့ပြောနေတယ်လေ ''

ရှောင်ကျန့်ဝင်ပြောတော့ ရှောင်မားက ငြိမ်ငြိမ်နေဆိုပြီး ခေါင်းခါပြတော့ ရှောင်ကျန့်ပြန်ငြိမ်သွားတယ်

 💛အဝါရောင်နှလုံးသား💛[Yizhan]Where stories live. Discover now